28 Sept 2008
22 Sept 2008
သူတော်တော်ချစ်ပါတယ်

သူတော်တော်ချစ်ပါတယ်
လူတစ်ယောက်သည် ဟိုတယ်တစ်ခုတွင် Check-in ၀င်ပြီးသသည့်နောက် သူနေရမည့်
အခန်းသို့ ၀င်သွားသည်။ အခန်းထဲတွင် ကွန်ပျူတာတစ်လုံးကို တွေ့သော အခါ
ဝမ်းသာအားရ သူ၏ ဇနီးသည် ထံသို့ email တစ်စောင် ပို့လိုက်သည်။ ဒါပေမယ့်
email မှာ လိပ်စာမှားသွားသည်ကို သတိမထားမိလိုက်ချေ။
မြို့တစ်မြို့၏ နေအိမ်တစ်ခုတွင် လင်ယောက်ျားဆုံးသွား သဖြင့် ပူဆွေးနေသော
မုဆိုးမ တစ်ယောက် email စစ်နေသည်။ ခဏနေတော့ သူမ၏ သား အခန်းထဲ ၀င်လာရော
email ဖတ်ရင်း လဲကျနေသော သူ၏ မိခင်ကို တွေ့ရလေသည်။
အမေဖွင့်ထားသော email မှာ
သို့
အချစ်ကလေး
အကြောင်းအရာ။ ကောင်းကောင်းမွန်မွန်ရောက်ရှိကြောင်း
နေ့စွဲ။ ၅ သြဂုတ် ၂၀၀၈
အချစ်ကလေးရေ။ မောင့်စာကို ဖတ်လိုက်ရလို့ အံ့သြသွားလား။ သူတို့ မောင့်ကို
ကွန်ပြူတာ ပေးသုံးပြီး ချစ်တဲ့သူတွေဆီ email ပေးပို့တယ်။ မောင်အခုပဲ
ဒီကို ရောက်ပြီး Check-In လုပ်လိုက်တယ်။ မနက်ဖြန်ရောက်လာမဲ့
အချစ်လေးအတွက် သူတို့ သေချာ ပြင်ဆင်ထားတာ တွေ့တယ်။
မနက်ဖြန်တွေ့ကြရအောင်နော်
ချစ်တဲ့
မောင်
16 Sept 2008
တကယ်ချစ်တဲ့ လူ
တကယ်ချစ်တဲ့ လူ
ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။
သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။
ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။
ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။
သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။
ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။
သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။
ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။
သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။
သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။
ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။
သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။
ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။
သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ။
ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။
ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။
တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိတယ်။
I think, I Love You!

ဒါဆိုရင်ချစ်သွားပြီထင်တယ်
ဟုတ်တယ် ဒါဆိုချစ်သွားပြီထင်တယ် . . ...... . . . . .ဟုတ်တယ် ဒါဆိုချစ်သွားပြီထင်တယ်
(၁) ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက
မက်ဆေ့ ဒါမှမဟုတ် ဖုန်းကို စောင့်နေမိတယ်ဆိုရင် သူ့ကို
ကိုယ်ချစ်မိသွားလို့ပဲ။
(၂) သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင် သူ့ကို
ကိုယ်ချစ်မိသွားလို့ပဲ။
(၃) အတူ ရှိနေတဲ့အချိန် သူ့ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့်
ကိုယ့်မြင်ကွင်း ထဲကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ သူ့ကို
ကိုယ်ချစ်မိသွားလို့ပဲ။
(၄) သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လွန်တာထက် ပိုစိုးရိမ်မိရင်
သူ့ကို ကိုယ်ချစ်မိ သွားလို့ပဲ။
(၅) တစ်ခြားလူအပေါ် သူစေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို အူတိုမိရင်
သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
(၆) သူ့ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ
လိုက်တွန့်တတ်ရင် သူ့ကို ကိုယ်ချစ်မိသွားလို့ပဲ။
(၇) ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိယနေမိရင် သူ့ကို
ကိုယ်ချစ်မိသွားလို့ပဲ။
ဟုတ်တယ်... ဒါဆို ချစ်သွားပြီထင်တယ်... သီချင်းကို ခေါင်းစဉ်ယူထားပါတယ်။
ချစ်နိုင်ကြပါစေ။
10 Sept 2008
ကမ္ဘာ့ အသက်အငယ်ဆုံး ပါမောက္ခ (၀၆-၁၉-၀၈)
9 Sept 2008
8 Sept 2008
Truth Love
6 Sept 2008
အချစ်လေးရေ

သို့
အချစ်လေးရေ
ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး
မင်းရဲ့
ကိုကို
နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်
သို့
ယောက်ကျားရေ
ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။
၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀
ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။
ကိုကို့ရဲ့
ချစ်လေး
3 Sept 2008
သူငယ်ချင်း
သူငယ်ချင်း
သူငယ်ချင်းတစ်ချို့ကို မထင်မှတ်တဲ့ နေရာမှာ မထင်မှတ် ဘဲ ကောက်တွေ့ခဲ့
ကြတယ်။ သူငယ်ချင်းရဲ့ သူငယ်ချင်း အချို့ဟာ မထင်မှတ်ဘဲ ကိုယ့်သူငယ်ချင်း
တွေ ဖြစ်လာခဲ့ တယ်။ လူချင်းမမြင်ဖူးဘဲ ဖုန်းနဲ့ အင်တာနက်နဲ့ ဆက်သွယ်တဲ့
သူငယ်ချင်းတွေလည်း ရှိတယ်။ လူချင်း မြင်ဖူးပြီး အရမ်းကောင်းတဲ့
သူငယ်ချင်း တွေ ဖြစ်ခဲ့ကြတာလဲ ရှိတယ်။ အိမ်မှား ၀င်ပြီး ခင်ခဲ့ကြတဲ့
သူငယ်ချင်းတွေ ရှိသလို မတော်တဆ တိုက်မိပြီး ခင်ခဲ့ ကြတဲ့
သူငယ်ချင်းတွေလည်း ရှိတယ်။
ငယ်ငယ်တုန်းက၊ ကျောင်းတုန်းက အတူသွား၊ အတူစားခဲ့တဲ့ သူငယ်ချင်းတွေက
ကျောင်းပြီးတော့ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း တကွဲတပြားစီဖြစ်ပြီး
အဆက်အသွယ်က နည်းသထက် နည်းလာခဲ့တယ်။
သူငယ်ချင်းတွေမှာ အသက် အပိုင်းအခြား မရှိဘူး။ ကိုယ့်နဲ့
ရွယ်တူလည်းရှိတယ်။ ကိုယ့်ထက်ကြီးတဲ့ ငယ်တဲ့ လူလည်း ရှိတယ်။ ကြီးတဲ့
သူငယ်ချင်းတွေကနေ ကိုယ့်မှာ မရှိသေးတဲ့ အတွေ့အကြုံကို ယူတယ်။ ငယ်တဲ့
သူငယ်ချင်းတွေဆီကနေ ကိုယ့်မှာရှိခဲ့ဖူးတဲ့ အပြစ်ကင်းတဲ့ ရိုးသားမှုတွေကို
ပြန်ရှာတယ်။ သူငယ်ချင်းတွေမှာ အသက်အရွယ်၊ ဆင်းရဲချမ်းသာ မခွဲခြားဘူး။
သူငယ်ချင်းတွေဟာ နွေ၊ မိုး၊ ဆောင်း ပြောင်းနေတဲ့ ရာသီတွေနဲ့ တူတယ်။
တချို့က ပူပြင်းတဲ့ နွေနဲ့တူတယ်။ တချို့က နွေရဲ့ အပူဒဏ်ကို လျော့ပေးတဲ့
မိုးနဲ့တူတယ်။ တချို့က အေးမြတဲ့ ဆောင်းနဲ့တူတယ်။ မတူညီတဲ့ ရာသီရဲ့
အလှပတွေကို ခံစားရင်း ကိုယ့်ဘ၀ကို ဖြတ်သန်းခဲ့တယ်။ သူတို့နဲ့ ကိုယ်ဘယ်လို
စသိ စခင်ခဲ့တယ်ဆိုတာ မမှတ်မိတော့ပေမယ့် ၀မ်းနည်းစရာ၊ ၀မ်းသာစရာတွေနဲ့
ကြုံတိုင်း သူတို့ကို ကိုယ်ရင်ဖွင့်ချင်ခဲ့တယ်။ ထူးဆန်းတာတွေကို
မြင်တိုင်း သူတို့နဲ့ ကိုယ်မျှဝေချင်ခဲ့တယ်။
ကွန်ပြူတာရဲ့ ဟိုတစ်ဖက်မှာ ထိုင်ပြီး ကိုယ်မျှဝေတဲ့ အရာတွေကို
သူတို့ကြည့်ပြီး ပျော်နေမလား.... မေးလ်ဘောက်စ် ပြည့်သွားတာ
ကိုယ့်စာကြောင့်လို့ စိတ်ပျက်ပျက်နဲ့ ငြီးငြူနေမလား... ဘာတွေ
လျောက်ရေးထားလဲ မသိဘူးဆိုပြီး မဲ့နေမလား....
သတိရကြောင်း၊ လွမ်းကြောင်းဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်
မပြောပြတတ်လို့ အေးစက်တဲ့ ကွန်ပြူတာ က တဆင့် ဒီကမ္ဘာရဲ့ ထောင့်တစ်နေရာကနေ
သူငယ်ချင်းတွေ ကျန်းမာပျော်ရွှင်ဖို့ နွေးထွေးတဲ့ ကိုယ်မေတ္တာနဲ့ တောင်းဆု
ပြုလိုက်တယ်။
ကျန်းမာပျော်ရွှင်ပါစေ သူငယ်ချင်း
2 Sept 2008
Subscribe to:
Posts (Atom)