♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

5 Oct 2010

ချစ်သူအတွက်.. ဇာတ်လမ်း ..

လမ်းလျောက်ခဲ့ပါတယ်...
အလင်းရောင်ဖြာကျနေတဲ့နေ့တွေထဲ
လောက ကဖြားယောင်းမှုကို ၀တ်ဆင်လို့
နုပျိုသစ်လွင်စွာပေါ့...
စာသံပေသံနဲ့ အဖြူရောင် ချစ်ခြင်းတွေ..
လမ်းလျောက်ခဲ့တယ်..
ချစ်ခြင်းမေတ္တာတွေ
သစ္စာတရားတွေ
သစ္စာမဲ့မှုတွေ...
ငွေကြေးပေါ်လစီတွေ၊ချိန်ခွင်နဲ့ပေတံတွေ
တည်မြဲခြင်းတွေ ၊ မတည်မြဲခြင်းတွေ
အစားထိုးခြင်း သီအိုရီ
ပြူံးတချက် မဲ့ တချက် ဆက်လျောက်ခဲ့တယ်..
လမ်းဆက်လျောက်နေဆဲ
ရင်ဘတ်မှာ လာစိုက်ဝင်တယ်..
နုတ်လို့မရတဲ့ နုတ်ဖို့မကြိုးစားတော့တဲ့အရာ
ကျွန်တော် ဆောင်း တွင်းကာလရဲ့
ဒီဇင်ဘာ နှင်းတောထဲမှာ
ပြုံးပြုံးကြီး လဲကျ သေဆုံးခဲ့ပါတယ်.......................................................လေနီ..

ငါ့ရာသီလေးထံသို့ ပေးစာ

နှစ်ဦးသဘောတူ
ရှိုခဲ့ကြတဲ့မီးပါပဲ..
ငရဲတမျှပူလည်း
အဲ့ဒီနေ့ရက်တွေထဲပျော်ဝင်လိုက်
နောင်တမရကြေးပေါ့..
ဝဋ်နာကံနာတခုလို
အရိုးကြေကြေ
အရေခန်းခန်း ထမ်းဆောင်ရင်း
အော်ဟစ်ငိုကြွေးလိုက်ချင်တယ်..
လှောင်ရယ်ဟားတိုက်လိုက်ချင်တယ်..
ကြေပါစေတော့လို့လည်းတောင်းဆိုချင်တယ်..
အစကပြန်ကြည့်လို့ရတဲ့ ရုပ်ရှင်ဆိုရင်
လွမ်းခန်းမရောက်ခင် ပိတ်ထားလိုက်ချင်တယ်..
မရတော့လဲ ခံပေါ့လေ..
ငါ့ရဲ့ ရာသီဥတုလေးရေ...
အပြောင်းလဲများတဲ့ ကမ္ဘာကြီးမှာမှ
ငါကနင့်ရာသီလေးထဲ ရွာချလိုက်မိသေးတယ်..
ပူလိုက် အေးလိုက် စိုစွတ် လိုက်နဲ့
ကံတရားကိုအပြစ်ပုံမချနိုင်ခဲ့ရင်
ငါ့အပေါ်မှာပဲ ပုံချလိုက်ပါတော့
ငါသဘောတူပါတယ်...။ ။
...................................လေနီ

ချစ်သူနှင့်အတူ ပျော်ရွှင်ခဲ့တဲ့ နေ့ ရက်

ချစ်သူပေးတဲ့ ကတိ