♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

8 Nov 2010

ကြိုးပဲ့ညအစအနများ

ဒီလိုညမျိုးဘယ်သူဆီကမှ
မတောင်းဆိုမိပါဘူး...
ဘယ်လိုကံတရား ကများ
ပေးကမ်းခဲ့ပါလိမ့်..
အနက်ရောင်အစွန်းအထင်းများ
သဘာဝတရားထံမှ ဆူးတချောင်း
ဒီည ဘာကြောင့်စူးဝင်ခဲ့ပါသလဲ..
အတ္တတခုရဲ့ပြိုင်မျဉ်းတကြောင်း
သံယောဇဉ်ကြိုးတချောင်းရဲ့ဖွင့်ဟ၀န်ခံခြင်း
ဒါးတချောင်းလိုထက်ရှတဲ့ သံသယ
နာကျင်တဲ့ခံစားမှုများဟာ
မရေတွက်နိုင်အောင်စီးဆင်းမှုကြောင့်
ငါ့အရည်ပျော်ညတွေဟာ
နင့်ရဲ့အပြုံးမဲ့မဲ့တွေ နောက်မှာ
လဲပြိုကျနေလေရဲ့...
ဒီလိုနဲ့....
ငါ့ကြေကွဲဖွယ်ညတွေဟာ
အပိုင်းအစများစွာအဖြစ်...
ငါ့မျက်ဝန်းထဲမှာ......


လေနီ

5 Oct 2010

ချစ်သူအတွက်.. ဇာတ်လမ်း ..

လမ်းလျောက်ခဲ့ပါတယ်...
အလင်းရောင်ဖြာကျနေတဲ့နေ့တွေထဲ
လောက ကဖြားယောင်းမှုကို ၀တ်ဆင်လို့
နုပျိုသစ်လွင်စွာပေါ့...
စာသံပေသံနဲ့ အဖြူရောင် ချစ်ခြင်းတွေ..
လမ်းလျောက်ခဲ့တယ်..
ချစ်ခြင်းမေတ္တာတွေ
သစ္စာတရားတွေ
သစ္စာမဲ့မှုတွေ...
ငွေကြေးပေါ်လစီတွေ၊ချိန်ခွင်နဲ့ပေတံတွေ
တည်မြဲခြင်းတွေ ၊ မတည်မြဲခြင်းတွေ
အစားထိုးခြင်း သီအိုရီ
ပြူံးတချက် မဲ့ တချက် ဆက်လျောက်ခဲ့တယ်..
လမ်းဆက်လျောက်နေဆဲ
ရင်ဘတ်မှာ လာစိုက်ဝင်တယ်..
နုတ်လို့မရတဲ့ နုတ်ဖို့မကြိုးစားတော့တဲ့အရာ
ကျွန်တော် ဆောင်း တွင်းကာလရဲ့
ဒီဇင်ဘာ နှင်းတောထဲမှာ
ပြုံးပြုံးကြီး လဲကျ သေဆုံးခဲ့ပါတယ်.......................................................လေနီ..

ငါ့ရာသီလေးထံသို့ ပေးစာ

နှစ်ဦးသဘောတူ
ရှိုခဲ့ကြတဲ့မီးပါပဲ..
ငရဲတမျှပူလည်း
အဲ့ဒီနေ့ရက်တွေထဲပျော်ဝင်လိုက်
နောင်တမရကြေးပေါ့..
ဝဋ်နာကံနာတခုလို
အရိုးကြေကြေ
အရေခန်းခန်း ထမ်းဆောင်ရင်း
အော်ဟစ်ငိုကြွေးလိုက်ချင်တယ်..
လှောင်ရယ်ဟားတိုက်လိုက်ချင်တယ်..
ကြေပါစေတော့လို့လည်းတောင်းဆိုချင်တယ်..
အစကပြန်ကြည့်လို့ရတဲ့ ရုပ်ရှင်ဆိုရင်
လွမ်းခန်းမရောက်ခင် ပိတ်ထားလိုက်ချင်တယ်..
မရတော့လဲ ခံပေါ့လေ..
ငါ့ရဲ့ ရာသီဥတုလေးရေ...
အပြောင်းလဲများတဲ့ ကမ္ဘာကြီးမှာမှ
ငါကနင့်ရာသီလေးထဲ ရွာချလိုက်မိသေးတယ်..
ပူလိုက် အေးလိုက် စိုစွတ် လိုက်နဲ့
ကံတရားကိုအပြစ်ပုံမချနိုင်ခဲ့ရင်
ငါ့အပေါ်မှာပဲ ပုံချလိုက်ပါတော့
ငါသဘောတူပါတယ်...။ ။
...................................လေနီ

ချစ်သူနှင့်အတူ ပျော်ရွှင်ခဲ့တဲ့ နေ့ ရက်

ချစ်သူပေးတဲ့ ကတိ

24 Jun 2010

ဒဏ်ရာမဲ့ အလွမ်း

အချစ်တဲ့.....

အမြင်ရပေမယ့်...
သစ္ဆေ သရဲလိုပါပဲ
အရမ်းကြောက်ဖို့ ကောင်းတယ်...

အဆိပ်ခတ်ထားတဲ့
စကားလုံးတွေနဲ့ 
နှလုံးသားထဲ စီးဝင်
အချစ်ဆိပ်တက်လို့ 
နွမ်းခဲ့ရပြီးပေါ့...

အလွမ်းတဲ့...
နွေလိုပူပြင်း...
အနွယ်လို ရစ်နှောင်...
ရှိတဲ့ အားနဲ့  ရုန်းထွက်ရင်း...
ဒဏ်ရာမဲ့ အလွမ်းတွေ
ရင်ထဲမှာ.... ကျန်ခဲ့ရပါပြီး....

(ဆောင်း) နှင်းဆီစိမ်း

19 Apr 2010

ရင်ထဲက အပြုံး

မမြင်နိုင်တဲ့ နှောင်ကြိုးလေးနဲ့ 
ငါ့ နှလုံးသားကို ထပ်တိုးကာ
ရစ်ချည်ခဲ့ပြီး... ရုန်းထွက်ဖို့ လည်း
မကြိုစားခဲ့ပါဘူး.....။

မမြင်နိုင်တဲ့ အနာဂတ်လမ်းကျဉ်းလေး
ရှေးဆက်မရမှန်း သိပေမယ့်
နောက်ဆုတ်ဖို့  မကြိုးစားခဲ့ပါဘူး....။

မမြင်နိုင်တဲ့ အလွမ်းတွေတာ
ရင်ခွင်တစ်ခုလုံး ဖုံးလွှမ်းကာ
အလွမ်းထဲမှာ ဆူးနစ်နေလည်း

အမြဲ ပြုံးပြဖို့  အားတင်းထားဆဲပါ

15 Mar 2010

နှလုံးသားရဲ့  မာန

ရင်ထဲက ဖြူစင်သော အချစ်နဲ့
ပေးဆပ်လိုက်ရတာမို့ …
မင်းအတွက် ကျခဲ့တဲ့ မျက်ရည်စက်
လေဟာနယ်ထဲ ဝေးလွင့်သွားပါစေ…
ငါ ဘယ်တော့မှ မသုတ်ဘူး….

အခြားနှလုံးသားတစ်ခုနဲ့ 
နင်ပြုစားနေမှန်း စသိတဲ့အချိန်
သတိရ တမ်းတမ်းတတရှိနေတဲ့
အလွမ်းကို နင်သတ်ခဲ့တယ်

ငါ့နှလုံးသားတွေ ကြေကွဲနေပါစေ…
အလွမ်းတွေ… လွင့်ကြွေနေပါစေ…
တံတားကျိုးမှ ငါ့ဆီ ပြန်လှည့်မလာနဲ့ 
မင်းအတွက် လျှောက်ဖို့ လမ်းမရှိဘူး....
အချစ်ထက် အင်အားပြင်းတာ
ငါ့နှလုံးသား ရဲ့  မာန ပဲ…