♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

30 Nov 2009

“ချစ်သူသိဖို့”

ချစ်သူ…………
မင်းကငါ့ကို ဥပေက္ခာပြုထားနိုင်ပေမယ့်
ငါကတော့ နင့်ကို
“ချစ်တာတစ်ခုထဲသိတယ်”
ငါ့ရဲ့ “နှလုံးသားတစ်ထောင့်မှာ”
နင်နေရာယူထာဆဲပါ………
“နတ်သမီးကမ္ဘာ” မှာ နင်ငါ့ကိုချန်ခဲ့ပေမယ့်
“အတိတ်စိမ်း” တော့မထားခဲ့ပါနဲ့
“မှားသွားပြီ” ဆိုတာသိခဲ့ပေမယ့်
“ပြတိုက်ထဲကအလွမ်း” တွေနဲ့
“မဆုံသောလမ်း” မှာနင့်ကိုစောင့်မျှော်နေမယ်
“နောက်ဆုံး” “တစ်ယူသန်” လို့ပဲပြောပြော
“အနာဂတ်မဲ့” ဘ၀မှာ နင့်ကို
“တစ်နေ့ နှစ်ကြိမ်” ဖြစ်ဖြစ်တွေ့ချင်တယ်……

ချမ်းလေးအောင် (love creative)

27 Nov 2009

ဒုတိယတော.......

အခြားတစ်ယောက်
အနားရောက်နေသလား..
ဒုတိယလူ...
ဒုတိရအိမ်မက်..
ဒုတိရနေရာ..
ဒုတိယလမ်း..
လျှောက်လှမ်းရမယ့်အတူတူ
ပထမအသက် မျက်ကွယ်ပြုပြီး
မနက်ဖန်အတွက်
လက်ကျန်အသက်နဲ့
နှစ်ယောက်တည်းသာ လျှောက်ပါရစေ...။

တစ်ဖက်မှာ တစ်ယောက်ရှိသလို
ဟောဒီ့တစ်ဖက်မှာ
တခြားတစ်ယောက်မရှိလေတော့
မရှိမဲ့...ရှိမဲ့ဒီအသက်
အမှားအတွက်ပဲ..
အသက်ရှင်နေသလိုလို
ဓားတစ်လက်ဆွဲ ယှဉ်ပြိုင်ရမလိုလိုနဲ့
ရင်မှာငို ပြိုပြိုကျ
``အချစ်``ကအိုလှပါပြီ...။

ဒုတိယတော...၊
ဒုတိယနေရာ...၊
လိုရာဖန်တီးလို့ရခဲ့ရင်.....၊
ပထမဆုနဲ့ လွဲလုလုလူ...
အသဲနုနု အဖြူအစင်နဲ့....
ဒုတိယဆုလောက်တော့...
ယူသွားချင်ပါရဲ့ .....ဗျာ..........။ ။

Posted by linnlinn (ဖန်းတီးနိုင်စွမ်းရှိသောအချစ်)

ရင်ခွဲ........မီး

@ ရွက်ကျပင်လည်းမဟုတ်ဘူး..
အလေ့ကျပင်လည်း မဟုတ်ဘူး
ချစ်သူရေ........
မင်းမွှေးတဲ့မီး
သိပ်ကို ကီးမြင့်လွန်ပါတယ်.....။

@ အဝေးအလွမ်းနဲ့
ကမ်းတွေဝေးခဲ့ရပါပြီ...
လှေကလေးရေ......
သူ့ကိုခေါ်ပြီ လမ်းပြလိုက်ပါ....။

@ ကွဲပြီးရင်ကွဲလို့
ဟောဒီအသဲ....မာနှိုင်ရိုးလား...။

@ ကောင်ကင်ရေ..........
ငါ့ပင်လယ်ပြင်မှာရွာဖို့
အဲဒီစပါယ်ကို...
ရင်နာနာနဲ့...ပေါင်သင်ရဦးမယ်...........။ ။

Posted by linnlinn (love creative)

24 Nov 2009

အယူခံမဲ့သူ

ခုတော့..........
တစ်ကယ်ကိုဝေးခဲ့ကြပြီလား.......ဆောင်း
မဟောင်းသေးတဲ့အိပ်မက်တွေနဲ့
အတိတ်ရဲ့ဝေဒနာကို
ငါ........ဘယ်လိုမေ့ရမလဲ ။

ဆောင်းနဲ့ဝေးသွားခဲ့တဲ့နေ့ကစလို့
အယူခံမရတဲ့ ငါပါ
ဒဏ်ရာအနာတရတွေနဲ့ဆက်လျှောက်
ဆောက်တည်ရာမရတဲ့စိတ်အစဉ်က
ဟိုအရင်တစ်ခါလိုပြန်ဆုံခွင့်မျှော်
ပေါ်လာလိမ့်နိုးနိုးနဲ့ ။

ဪ.........ဆောင်းရယ်
ပျော်စရာကောင်းတဲ့နေ့ရက်တွေပေးခဲ့ပြီးမှ
အဝေးဆုးံခရီးကိုထွက်သွားရက်တယ်နော်
ဒီရင်ဘက်ကြီးထဲမှာတော့
ဘာကိုမှအစားထိုးလို့မရနိုင်ဘူး
ပျော်မြူးခဲ့တဲ့နေ့တစ်ချို့နဲ့
ဆို့နင့်ကြေကွဲစွာရှေ့ဆက်ရဦးမယ်
ဘယ်အတွက်ကြောင့်မုန်းခဲ့တာလဲ.......ဆောင်းရယ် ။

နေဝင်းထွန်း{ငါးမည်ရ}
ခေတ္တ........မလေး

နှလုံးသားတစုံရဲ့မာန

မင်း
ငါ့ကိုဖြိုလှဲတယ်
ငါမလဲဘူး

မင်း
ငါ့ကိုအမှည့်ခြွေချွေတယ်
ငါမကြွေဘူး

မင်း
ငါ့ကို ချိုးနှိမ်ဖို့ကြိုးစားတယ်
ငါဦးမကျိုးဘူး

အချစ်ရဲတစ်ဖက်မှာ အမုန်းရှိတယ်တဲ့.
အမုန်းထက်ပိုပြီးအားပြင်းတဲ့ တွန်းအားတစ်ခုရှိနေသေးတယ်
အဲဒါဘာလဲ သိလား
မာနပဲ…

နှင်းပေါက်ပွင့် (အမှတ်တရ နှုတ်ဆက်သွားတဲ့ သူငယ်ချင်းပါ)

23 Nov 2009

ခွဲခွာခြင်း.......။

ညတွေထဲ….လွမ်းလိုက်တာ
အိပ်မရတဲ့ ညတွေထဲမှာ
မင်းကို လွမ်းရင်းက
ရင်ခုန်ဖို့ ထိတ်လန့် နေသူပါ…..။
မျက်လုံးတွေ မှိတ်မရတဲ့အခါ
အမြဲတမ်းလွမ်းစိတ်နဲ့ လောင်ကျွမ်းခဲ့သူပါ…..။
ညစဉ် ညတိုင်း
အိပ်မရတဲ့နေ့ တွေကို
အိပ်ဆေးတွေနဲ့ သောက်အိပ်ရပြီး….
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
ချစ်ခြင်းတွေကို
အခုတော့…….အလွမ်းတွေနဲ့ 
အရူးတစ်ယောက်လို
ဟစ်အော်ပြေးသွားခဲ့သူပါ………။
တကယ်ဆို…
ချစ်ကံခေသူ တို့ နိဂုံးဟာ
အခုလိုပဲ……
ခွဲခွာခြင်းလားကွယ်……..။

SSA (မ)

ဆောင်းပြန်လာပြီ.............ဆောင်း ။

မြောက်ပြန်လေရူးလို့
ဆောင်းဦးရောက်ပြန်ပြီ.........ဆောင်း
မပြောင်းလဲတဲ့သဘာဝမို့
ဟေမာန်အလှ နှင်းတွေကြပြီ
ဒီလရာသီ ခါတော်မီနှင်း
ရင်တွင်းဒဏ်ရာ နှိုးဆွလာပေါ့ ။

နှင်းစက်လေးတွေက"အေးမြတယ်တဲ့"
နှင်းစက်လေးတွေက"လန်းဆန်းတယ်တဲ့"
နှင်းစက်လေးတွေက"ဖြူစင်တယ်တဲ့"
ဆောင်းရင်တွင်းကထွက်ကျလာတဲ့
ဟိုတစ်ခါကစကားတွေပါ.........ဆောင်း ။

နှင်းမှုန်မွှားမွှားလေးများကျရင်
ကောင်းကင်ကိုမော့ကြည့်မိတာ
သဘာဝကပေးတဲ့တာဝန်တွေကို
ကျေပွန်စွာထမ်းရွက်တဲ့
နှင်းစက်လေးတွေကိုငေးရင်း
"ဆောင်း"နဲ့ချစ်တင်းနှောခဲ့တဲ့
အတိတ်ရဲ့ခြေရာပြန်ကောက်
ခုတော့...........
ငါတစ်ယောက်တည်းရယ်ပါ ။

ပြီးခဲ့တာတွေပြီးခဲ့ပေမဲ့
နှင်းတွေဝေတဲ့ဒီဆောင်းက
ငါ့ဘဝကိုခြောက်လန့်ဆဲပါ........ဆောင်း
အဟောင်းတွေအသစ်ဖြစ်လို့
တို့ချစ်ချင်းရဲ့အမှတ်တရ
ဒီဆောင်းကာလမှာ
ငါ.......
သွက်သွက်ခါရူးရပေါ့ ။

ငါ့ဘဝမှာ
ဒဏ်ရာတွေကအဖေါ်
ဝေဒနာတွေကပျော်တ်ေဆက်
သောကနှင်းစက်တွေသောက်သုံး
အဖြူစင်ဆုံးနှင်းပွင့်တွေဟာ
ငါ့နှလုံးသားတွေအရည်ပျော်ကျခဲ့တာပါ......ဆောင်း

ဟိုး......တစ်ချိန်က
ချိုမြိန်ခဲ့တဲ့အနမ်းများ
ခု.....သန်မာထွားကြိုင်းလာတဲ့ အမုန်းများ
စားလို့မဆုံးနိုင်တဲ့ကိန်းဂဏာန်းများ
နှင်းစက်လား.....အသဲဖက်လား
မကွဲပြားတဲ့ငါ့ဘဝဟာ
မိုးဟေကိုရဲ့အလှတွေလည်း
ခံစားလို့မရတော့ပါဘူး
အရူးမီးဝိုင်းသလို
ထိုင်လို့သာ ငိုလိုက်ချင်တယ် ။

ဆောင်း...........
ဟိုး....မိုးကောင်းကင်ယံမှာ
ဆောင်းပြန်လာပြီ.............ဆောင်း ။

နေဝင်းထွန်း{ငါးမည်ရ}
ခေတ္တ{မလေး}

သမိုင်း

ဘုံဘေဘားမားကုမ္မဏီမှ
သစ်ခိုးသည်ကို......
မြန်မာမင်းက
ဒဏ်ရိုက်သည်တွင်
၁၈၈၅ တွင်............
တတိယကျုးကျော်စစ်ဖြစ်ပွားခဲ့သည်။

လယ်တောစပ်နား
စွင့်စွင့်ငွားငွား
ပန်းကလေးတစ်ပွင့်ဧ။် ရနံ့မှစ၍
ပန်းရင်ခွင်ဝယ်
ပန်းမာလာစစ်...ဖြစ်ပွားခဲ့သည်။

မလှုပ်မရှား
နှလုံးသားတစ်ခုထဲ
ဖူးသစ်လှပဆဲ မျက်နှာလေးကို
မ၀ံ့မရဲ ......ခိုးကြည့်မိသည်မှစ၍
ကျွန်တော့် ရင်ခွင်မှာ
နှလုံးသားကမ္ဘာစစ်...ဖြစ်ပွားခဲ့သည်။

ယူဇနာ

22 Nov 2009

ဆောင်းမရှိလည်းနေတတ်ပါပြီလေ.........။

ဆောင်း....
ကြေကွဲဖွယ်ကောင်းတဲ့
တို့ရဲ့အတိတဟောင်း်ဟာ
ပြောင်းလဲတတ်တဲ့နိယာမတွေကြား
ခုထိရှင်သန်ကြီးထွားနေလိုက်တာ
အသားစားဘီလူးလိုပဲ ။

ရွှင်မြူးသာယာစွာနဲ့
ကတိသစ္စာတွေတိုင်တည်ကာထားခဲ့ကြတုန်းက
အမုန်းဆိုတာ....ဘာလဲ
မင်းနှုတ်ခမ်းရဲရဲပေါ်ကထွက်ခဲ့တဲ့စကား
ခုထိကြားယောင် ။

ဆောင်းရဲ့အချစ်
ဆောင်းရဲ့အနမ်းပွင့်တွေ
အမှတ်တရဖြစ်စေခဲ့ရော့သလား ။

ရင်ခွင်ကြားမှာခေါင်းလေးဝှက်ပြီး
တူနှစ်ကိုယ်ညည်းခဲ့တဲ့သီချင်းသံကြားရင်
ဘဝကိုသမင်လည်ပြန် ပြန်ကြည့်
ဆောင်း မရှိပေမဲ့
သတိယနေမိတဲ့ငါ့ရင်
ဖြစ်ချင်တာတွေမဖြစ်လိုက်ရတဲ့ဘဝမှာ
ကံကြမ္မာကိုရိုးမယ်ဖွဲ့
မငဲ့ကွက်ဘူးလို့လဲမပြောလို
ဝဋ်ဆိုတာရှောင်ပုန်းလို့မရ
ဒီဘဝတော့..............
အပြစ်ရှိရင်လဲပြေပါစေ
ဝဋ်ရှိရင်လဲကျေပါစေ
ဆောင်းမရှိလည်းနေတတ်ပါပြီလေ.........။

နေဝင်းထွန်း{ငါးမည်ရ}
ခေတ္တ........မလေးရှား

20 Nov 2009

မိခင်မာရသွန်...

သားသည်...မိခင်
မိုင်ရှည်တာဝေး...အပြေးသမား..
သားသမီးအချစ်...သက်လုံဖြစ်အောင်...
ပြောင်းပစ်လေသလား.....


ဖတ်ဖူးတဲ့ကဗျာလေးပါ..ကြိုက်လွန်းလို့ ..မျှဝေပေးလိုက်ပါတယ်..

ကမ်းဝေးဗေဒါ

ကံကြမ္မာရေစီးကြောင်းထဲ
အဖော်ကွဲကာ အထီးကျန်
အကျည်းတန်စွာမျှော်လွင့်
ရင်ထဲမှာလည်း နင့်နေတယ်

ကမ်းဝေးခြင်းရဲ့ သောက
မလှပတဲ့ ဖြစ်ရပ်
မေတ္တာငတ်နှလုံးသား
အပြုံးများလည်း မဲ့ခဲ့ပြီ

ရင်ထဲကလိုအင်
ကမ်းကပ်ချင်တဲ့ ဆန္ဒ
တွယ်တာသမျှ ချစ်ရနံ့
လှပသင်းပျံ့ သစ္စာတရား
လောကဓံ ရေလှိုင်းကြားမှာ
ပျောက်ကွယ် ဆုံးရှူံးသွားခဲ့ပေါ့

ူ NAYWYNNHTUNN

ရင်တွင်း ကဗျာ

ပန်းကလေးပမာ ဖြူစင်မွှေးတဲ့
ချစ်ရသူရဲ့ ရင်ခွင်နွေးနွေးမှာ
သူပေးလာတဲ့ အကြင်နာလေးတချို့မှ
........................................
...........................
..................
ရဲ့တဲ့တဲ့မျက်ရည်ချို တစ်စနှင့်
ကြိမ်ကြိမ်သာ ပြိုကျဖူးသည့်စိတ်ဟာ
သည်းစွာရွာတဲ့ "မိုး" ... တိတ်သည့်ပမာ
.....................................
.................................
နေ့ကဆိုတာ အိပ်မက်တစ်ခု အဖြစ်
နုနယ်ပျိုမျစ် .... သူ့အချစ်နှင့်သာ
ပါရမီဖြည့်ကာ ..... ပျော်တော့မည် ။ ။

အမှတ်တရ... ကဗျာ

18 Nov 2009

သက်တံမြစ်

ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ..
ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။

ထူးအိမ်သင်

မှတ်ချက်။ ။ ထူးအိမ်သင်ကဗျာလေးကို ကြိုက်တယ် သီချင်းလေးတွေလည်း ကြိုက်တယ် အမှတ်တရအတွက် သိမ်းထားပါရစေ...

နှလုံးသားစားသူတွေကြားမှာ

ကျွန်တော့်ရဲ့ကလေးဘဝကို
အငိုတိတ်အောင်ချော့သိပ်ခဲ့တာ
မိတ္ထီလာကန်တော်အောက်က
ဖားကောက်ခဲ့ပါ ၊
ဖားပါရင်တစ်ကောင်ပေး
အေး...အေး...အို...အေး သီချင်းနဲ့
လည်ပင်းရှည်ကိရွှေဗျိုင်း
ညွှတ်တွေကဝိုင်း ၊
ညွှတ်ဝိုင်းတဲ့ကိုဗျိုင်းဖြူ
ကယ်သူကွဲ့ရှိဘူး...သီချင်းပါ ။
တစ်ကယ်ပဲ....
ကျွန်တော့်အတွက်
မိတ္ထီလာကန်ပက်လက်က
ဖားဟင်နဲ့ချက်ကျွေးခဲ့သလား ။
ကျွန်တော့်ရှေ့မှာ
လည်ပင်းရှည်ကိုရွှေဗျိုင်း
ညွှတ်တွေဝိုင်းခဲ့သလား ။
ကျွန်တော်ပျော်ရွှင်အောင်
အမေဘယ်လိုသရုပ်ဆောင်ပြခဲ့သလဲ ၊
ယ္ခု.........
ပူမှု့ရယ်တဲ့ကုဋေကုဋာ
အမေ့ရင်နဲ့ရွာကိုခွါခဲ့
မာယာများနဲ့
နှလုံးသားစားသူတွေကြားမှာ
အမေ့သားငိုနေတာမြင်ရင်
ဟိုအရင်လို
အို...အေ...အင် နဲ့ချော့ဦးမှာလား ။
ကျွန်တော်ဟာ....
မိုက်မဲတဲ့ခွေးလေးတစ်ကောင်ပါ
စိတ်ကူးရှိရာခရီးဆန့်ခဲ့
အမြီးတနံ့နံ့နဲ့ပေါ့
လျှောက်ခဲ့ရာခရီးကြမ်း
ဘဝအတွက်...ဘာပန်းမှမပွင့်ခဲ့ဘူး ။
ဟူး.......လို့
သက်ပြင်တွေချမိချိန်ကြမှ
အမေ့ရဲ့ရင်ခွင်က
အေးမြမှန်းသိခဲ့ရ
ခုချိန်မှာ......
ပြီးခဲ့တာတွေ ပြီးခဲ့ပေမဲ့
အမေ့ရဲ့ခေါ်သံတွေ
ဟိုအဝေးမှာကျန်ခဲ့
အလွမ်းများနဲ့
ပြန်မျှားယူနေရပြီ.....အမေ ။
ကျေးဇူးရှင် မွေးမိခင်သို့
နေဝင်းထွန်း{ငါးမည်ရ}
ခေတ္တ{မလေး}

ထိပ်ဆုံးသို့

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံး ပြန်တော့်
တစ်လုံးပြန်ကျန် ပြန်ပေသမို့
အဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။


တခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘု
ရပ်တန်းက ရပ်မယ်ကြံ။
အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်း အသာဖြေဦး။

မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား။ ။

ငွေတာရီ

17 Nov 2009

နောက်ဆုံး...

နောက်ဆုံးထွက်သက်ကို
မျက်စိမှိတ်လို့ စောင့်စားရင်း
အတိတ်ကခြေရာတွေကို
ပြန်ကောက်ကြည့်မိတယ်........

ကျွန်တော့အတွက်
"သူမ" ရဲ့အချစ်ဆိုတာလေ
သဲပွင့်တွေကို
ဆုပ်ကိုင်ထားရသလိုပဲ............

လက်လွှတ်ရမှာဆိုးလို့
တင်းကြပ် အောင်ဆုပ်ကိုင်ထားမှ
တစ်စတစ်စနဲ့
ယိုဖိတ်သွားခဲ့ရတယ်.......

ပြန့်ကျဲ နေတဲ့
အသည်းစတွေကို
အရူးတစ်ယောက်လို
သိမ်းကောက်ပြီး.........

နောက်ဆုံး ပေးဆပ်နိုင်မယ့်
အခွင့်အရေး အဖြစ်
"သူမ" သွားမယ့်လမ်းမှာ
ဖြန့်ခင်းပေးလိုက်တယ်...........။

အတာ

မျှော်လင့်ချက်မဲ့ အချစ်

ဒီမှာလေ..
ခံစားချက်တစ်ခုရဲ့ နယ်ပယ်
အဝေးဆုံးကို မျှော်တက်လာတဲ့
သက်တံရဲ့အောက်မှာ
မှိုင်းအုံနေတဲ့ တောအုပ်ရယ်
အံသေနေတဲ့ လက်တစ်ချောင်းရဲ့
ခပ်လှလှ တိမ်မျှင် ပန်းချီကားတစ်ချပ်ရှိတယ်..
အဲဒီ ပန်းချီကားကို
မင်း မော့မကြည့်ကြေးနော်။
အဆိုးဆုံးလို့ တွေးထားတဲ့
အပြူံးတစ်နေရာမှာ
မင်း အမုန်းတွေကိုဝှက်ထားတယ်
သူ့ကို မင်းအသံမပေးနဲ့
မနှိုးဆွနဲ့...။
လေးနက်တည်ကြည်တဲ့ ချစ်ခြင်းတရားတွေ
ကစဉ့်ကလျား ဖြစ်ရင်ဖြစ်ပါစေ
မင်းမျက်ဝန်းရှေ့တည့်တည့်မှာ
ငါ နေပူစာလှူံပြမယ်..။
ချိန်ခွင်လျှာ စောက်ထိုးနဲ့
အပေါ်ကို မိုးမိုးတက်လာတဲ့
လူတွေရဲ့ အကြောင်းကိုလည်း
ငါအမြဲ ပြောဘူးတယ်
ဒါပေမယ့် လည်း
မင်းအတောင်ပံတွေ
ရိုက်ချက်ပြင်းနေသေးတယ်....။
ရှိုက်သံတစ်စစ နဲ့
မျက်ဝန်းမှားပြီး ကျကျ လာတတ်တဲ့
မင်းမျက်ရည်တွေကို
ငါတစ်ကယ် ကြောက်မိပါတယ်
ဒါပေမယ့် လည်း
လ မသာ ကြယ်မလင်း ကောင်းကင်မှာ
မင်းအတွက် သက်သက်
အလင်း ဖြာပေးခဲ့တာပါပဲ..။
ပေးဆပ်တာ ၊စွန့်လွှတ်တာ
ခပ်သာသာလေး တွေးမယ်ဆိုရင်တော့
ခဲတံ တစ်ချောင်းချွန်သလောက်ပဲပေါ့..။
ဘာပဲဖြစ်ဖြစ်
ရင်နင့်နင့် ငါ့အဖြစ်ကို
မင်း မသိသလိုနေပါ
တစ်ကယ်တော့ အချစ်ဆိုတာ..
နို့ဆီခွက်ထဲ ငါးမျှားသလို
ဘာမျှော်လင့်ချက်မှ မပါပဲ..
ချစ်လို့ရပါတယ်.................။

ယူဇနာ

ဆက်လျှောက်နှင့်ပါ...

ရင်ထဲကအချစ်....မြည်းရန်မဟုတ်
ဘူတာတစ်ခုမှာရထား...ဘယ်နှစီးဆိုက်ရမလဲ။
များများစားစားမလို.....................
ရင်ငွေ့နွေးနွေး။

အချစ်ဆိုတဲ့သမုဒ္ဒရာ........
လက်ပစ်ကူးအပ်တဲ့အရာမဟုတ်၊
ကိုယ်ဖော့တတ်ဖို့တော့လိုတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ
သင်ဟာ..........................
ထမင်း၊ဟင်းချက်တတ်ရင်
တရားဝင်ဇနီးမယားဖြစ်နိုင်တယ်။

မြင်ကြရဲ့လား..................
ဆိုက်(ဒ်)ဘာကဖေးထဲမျောလွင့်နေတဲ့
မဒီလေးတွေ...........................၊
ရာစုခေတ်ရောဂါခပ်ဆန်းဆန်းထဲမှာ
"ချက်တင်" ဆိုတာပါတယ်။
စိတ်ကိုအရောင်ဆိုးမယ့်......
အပွိုင့်မင့်တွေပါတယ်။
မဲမဲမြင်ရာပစ်မယ့်......
လေးသည်တော်တွေရှိတယ်။

ဟူရင်ဂျာကိစ္စဘာအရေးကြီးတာမှတ်လို့
ကီးဘုတ်ပေါ်လက်တင်ရင်း................
ရင်ခုန်သံမွေးဖွားတာ.............
အလုပ်မရှိ(............)သန်းရှာနေတာလေ။

ဒီလိုပါမိန်းကလေး....................၊
မတော်တဆစကားတစ်ခွန်းနဲ့..
နှလုံးသားကိုခလုတ်တိုက်ပြီး.....
အဟုတ်ကြိုက်မိနေတယ်ဆိုရင်....................
တောင်းပန်စကားလဲမဆိုပါနှင့်၊
စိတ်အနှောက်အယှက်လဲမဖြစ်ပါနှင့်၊
ရှေ့ကိုသာဆက်လျှောက်.....၊
တစ်နေ့နေ့တော့လမ်းပေါက်လာလိမ့်မယ်။
....................................................Yin Hlaing Min
(အမှတ်တရ အတွက်ပါ)

ချယ်ရီအလွမ်း

လီလီပန်းတွေက ခါတိုင်းလိုပဲပွင့်တယ်…

နင်သိပ်ကြိုက်တယ်ဆိုတဲ့ လိမ္မော်ရနံ့တွေလဲ

တောင်ပေါ်မှာ နေရာတကာ သင်းရှလို့… …

အိမ်အပြန်လမ်းလေးလိုပဲ

ဘ၀က အချိုးအကွေ့ သိပ်များလွန်းတယ်

ခဏဆိုပြီး နင်ထွက်သွားလိုက်တာ

တစ်ရက်ပြီးတစ်ရက်…တစ်လပြီးတစ်လ

နောက်…တစ်နှစ်ပြီးတစ်နှစ်

ငါလေ…

နင့်ကို သတိရလိုက်တာ..။

ဝေလီဝေလင်း မြူတွေရစ်သိုင်းနေတဲ့

တောလမ်းလေးမှာ…

နင်ချစ်တဲ့ နှင်းပန်းတွေ စိုစွတ်လို့

ငါ့မျက်ဝန်းမှာရောပါပဲ… …။

နောက်တစ်ခါ မီးပုံပွဲလုပ်ရင်

နင် ငါ့ကိုသီချင်းဆိုပြမယ်ဆို… …

အေးစက်စက် သန်းခေါင်ယံညနက်ထဲ

ရေးထားတဲ့ သီချင်းတွေလဲ ပိုင်ရှင်မဲ့ခဲ့ရပြီပဲ… …။

တောင်ပေါ်ကို လှမ်းမျှော်ကြည့်မိတော့

နင့် ရယ်သံလေးတွေလေ…

မနေ့တနေ့ကလိုပဲ…လွင့်ပျံလာစမြဲ…

ငါ လွမ်းလိုက်တာ ချယ်ရီရယ်… …။

( ချယ်ရီ ဒါနင့်အတွက်ပါဟာ…နင့်ကို ငါလွမ်းတယ်..နင်ထွက်သွားတုန်းက ငါတားရကောင်းမှန်းမသိခဲ့ပေမဲ့...ခုတော့ ငါရင်ထဲမှာ အရမ်းတွေ့ချင်နေပြီ..ပြန်လာပါတော့ဟာ... လိမ္မော်တွေလဲ ချိုစေရပါမယ်)

Jasmine Phyu (အမှတ်တရအတွက်)

နေကြာပန်း

နေမင်းကြီးရဲ့ အလင်းရောင်ဟာ ပူနေမှန်းသိရက်နဲ့ 
နေမင်းရဲ့ လင်းရောင်ရမှတာ လန်းဆန်းနိုင်တာမို့ 
အပူဒဏ်ကို ကျေကျေနပ်နပ်နဲ့ … အလင်းရောင်လေးကို
တမ်းတနေမိတယ်…

တိမ်တွေဖုံး အလင်းတွေကွယ်ကာ… အရိပ်ထဲမှာတောင်
ငါ မလန်းဆန်းနိုင်တော့တာ မင်းသိမှာပါ….
လေပြေလေးရယ်… မှောင်မိုက်နေတဲ့ တိမ်တွေကို
ဟို …အဝေးကို မြန်မြန်တွန့် ပေးပါတော့…..

ငါ့ဘ၀မှာ အလိုအပ်ဆုံးက နေမင်းကြီးရဲ့ အလင်းရောင်
အလင်းတွေတောက်ပံနိုင်မှ… ငါ ရင်ကော့ပြီး အပြုံးပန်းသဖွယ်
လန်းဆန်းပြီး ပွင့်နိုင်မှာပါ....

အခုတော့လေး….အပွင့်ဖတ်တွေကြွေ….လွင့်လေရာလွင့်…
ငြိုးနွမ်းပြီး…ခေါင်းတောင်မမောနိုင်တော့ဘူး..
နေမင်းကြီးရယ်…. ငါ အရမ်းလှတဲ့ နေကြာပန်းလေးတပွင့်….
လောကအလယ်မှာ…. ပွင့်ချင်ပါသေးတယ်…

ရင်နှင့်ရင်း၍ပျိုးခဲ့သည်

ချစ်သူ .................
နင်နဲ့ ငါ ပျိုးခဲ့တဲ့ သစ်ပင်ဟာ
ဒီခုံတန်းလေးပေါ်မှာပေါ့
ငါရှိနေသ၍ ပန်းပွင့်တယ်
ငါပျော်နေတဲ့အမျှ .....
ဒီပန်းပွင့်လေး လှခဲ့တယ်
ငါ သက်ပြင်းရှိုက်မိတဲ့အချိန်မှာ
သစ်ပင်လေးခမျာ .....
နွမ်းသွားရရှာတယ်လေ .....။

အခုတော့ .........
ငါတို့ ပျိုးခဲ့တဲ့အပင်
ယိုင်ကာရွဲကာ ပြိုလဲကျတော့
ဝေနေတဲ့  ပန်းပွင့်တွေလည်းကြွေ…
ရင်ခုန်သံတွေလည်းပျောက်ကွယ်
အရွက်လည်းကြွေ အပင်လည်းသေ…
ခုံတန်းလေးလည်း ပျက်နေရောပေါ့ ။
ငါလည်းလေ .............
ရှင်လျှက်နဲ့ ရင်လှိုက်သံမကြား
အပြုံးမပျက် မျက်နှာနဲ့ ငိုကြွေးနေတဲ့...
နှလုံးသားတစ်စုံပါ….. ချစ်သူ ။ ။

16 Nov 2009

အချစ် နဲ့ ပင်လယ်

ငါတစ်ယောက်ထဲ အထီးကျန်လွန်းလို့ပါ
ဘ၀ဆိုတဲ့ပင်လယ်ထဲမှာ ကူးခတ်ရင်း
ငါ့ကို တွဲခေါ်တဲ့သူတွေလည်းရှိကြတယ်…
ငါက တွဲခေါ်ရတဲ့သူတွေလည်းရှိကြတယ်…
အချိန်တန်တော့လည်း…လက်တွဲဖြုတ်ရတာပါပဲ….

လောကဓံဆိုတဲ့ လှိုင်းတွေကိုအန်တုရင်း
ငါ့ကို နှစ်မြုပ်ဖို့ကြိုးစားတဲ့သူတွေရှိတယ်
ငါက နှစ်မြုပ်ခဲ့တဲ့သူတွေရှိတယ်….
ဒါပေမယ့်….ငါ ကူးခတ်ဆဲပါပဲ…..

မမြင်နိုင်တဲ့ကမ်းဆီကိုဦးတည်ရင်း
ငါ့ကို ဖြတ်ကျော်တက်သွားတဲ့သူတွေရှိတယ်…
ငါ့မျက်စိရှေ့မှာတင်…ကျဆုံးနစ်မြုပ်သွားတဲ့သူတွေရှိတယ်…
ငါကတော့…ဇွဲမလျော့သေးဘူးနော်….

ဒါပေမယ့်ငါ….ပင်ပန်းလှပြီ
ပတ်ဝန်းကျင်ဆိုတဲ့ ဆားငန်ရေတွေကြောင့်….
ငါ့အသိဥာဏ် မျက်လုံးတွေေ၀၀ါးလာရပြီ…
ဆုံးဖြတ်ချက်ဆိုတဲ့ မြင်ကွင်းတွေလဲ…အမှားမှားအယွင်းယွင်းနဲ့….

မင်းတစ်ယောက်ကိုတော့ ငါ မြင်နိုင်သေးတယ်….
သန့်စင်တဲ့အချစ်တွေနဲ့တည်ဆောက်ထားတဲ့…
မင်းရဲ့အချစ်လှေကိုတော့…ငါ မြင်ရသေးတယ်…
ဟိုးအဝေးဆီက လာနေတဲ့…မျှော်လင့်ချက်တွေတင်ထားတယ်…

ငါတစ်ယောက်ထဲအထီးကျန်နေလို့ပါ…
မင်းရဲ့အချစ်လှေပေါ်မှာ…လိုက်ခွင့်ပြုပါ…
မမြင်ရတဲ့တစ်ဖက်ကမ်းကို….တူတူသွားရအောင်…
ငါ့မျက်လုံးတွေေ၀၀ါးနေပေမယ့်
ငါသေချာမြင်နိုင်တဲ့…..မင်းရဲ့အချစ်လှေပေါ်မှာ….ငါလိုက်ခွင့်ပြုပါ… ။

သားကြီး (Shagan)

နှလုံးသားကို ဒဏ်ခတ်ခြင်း

အထီးကျန်ခြင်းကို မလိုလား...
နူးညံ့တဲ့ နှလုံးသားမို့ ...
နွေးထွေးမှုကို မက်မော...
အကြိမ်ကြိမ် ရေသိမ်နစ်မော
မမှတ်နိုင်သေးတဲ့ ငါ
ချစ်တတ်သော နှလုံးသားကို
ဒဏ်ခတ်ရင်း....
နှလုံးသားကို သော့ခတ်...
ရင်ထဲမှာ ရှိတဲ့အချစ်ကို
မျိုသိပ်ပြီး သိမ်းထားတော့မယ်...။

အယူခံ ရှိုက်သံ

ရင်ခွင်နွေးနွေး

ဝေးဖို့ တွေးတိုင်း

မျက်ရည်ဝိုင်းကာ

အိပ်မက်မှာပင်

လွမ်းစိတ်ဝင်မိ

မြင် .... မကြည့်ရှာ

"ရင်" အထိနာကို

နင်...သိသာဖို့ ရှိုက်မိတယ် ။

လင်းခိုင်

14 Nov 2009

“နှလုံးသား မိုက်”

မင်းငါ့ကို ထားသွားခဲ့တာကြာပေမဲ့
ငါ့အချစ်တွေက အသက်ဝင်၇ှင်သန်နေသေးတယ်…..

ငါမင်း ကိုမေ့ပြစ်သင့်တာ ကြာပေမဲ့
အမှတ်တ၇များစွာက ပြန်တမ်းတမိနေသေးတယ်…..

ငါမင်းကို နာကျည်း မုန်းမေ့သင့်ပေမဲ့
စာနာ နားလည် ခွင့်လွတ်မိနေသေးတယ် …..

မင်းအကြောင်းဒိုင်ယာရီ
အဆုံးသတ်သင့်တာကြာပေမဲ့၇င်ထဲက
ခံစားချက်များစွာဖြင့် အသက်သွင်းမိနေသေးတယ်…..

ငါမင်းကိုမချစ်သင့်တာသိပေမဲ့
င့ါနှလုံးသားမိုက်က ဇွတ်မိုက်မိနေသေးတယ်
သြော် ……ဇွတ်မိုက်မိနေသေးတယ်…… ။ ။

လမင်းသိုက်

ကောင်းကင်ထက်မှာ

နှလုံးသားတစုံ..... ကောင်းကင်ထက်မှာ ...
ချစ်ခြင်းတွေနဲ့......ဆက်သွယ်ကာထား....
သံယောဇဉ်ကြိုးများနဲ့.. အမြင့်ဆုံးရောက်အောင်...
လွှင့်တင်ထားတယ်....

မုန်းတိုင်တွေနဲ့.....တွေ့ကြုံရလဲ....
မမူစတမ်း... အတူတူကြည်နူး...
ပျော်စရာတွေနဲ့...အစားထိုးယူမယ်
မိုးကောင်းကင်ကို... ရောက်ရှိရင်တော့
ရင်ထဲကလာတဲ့...စကားတခွန်းကို
ရေရွတ်ရင်းနဲ့.....
အစိပါယ်လည်းတည်မြဲစေဖို့....
တောင်းဆုပြုမယ်....
မုန်တိုင်းကြမ်းတွေ...နောက်ထပ်တစ်ခါပြန်မလာစေဖို့ပေါ့

ပြည့်ပြည့်

နင်းသွားလိုက်ပါ ချစ်သူ...

မင်းဘ၀ လျှောက်လှမ်းနိုင်ဖို့ ...
ငါ... နှလုံးသားကို ခင်းပေးခဲ့တယ်...
အားရပါးရ..နင်းသွားလိုက်ပါ....
ငါ့နှလုံးသားမှာ နာကျင်စွာ
ဒဏ်ရာတွေ ကျန်ခဲ့ပေမယ့်...
ဒီရင်ခွင်မှာ... အပြစ်ဆိုတာ
မမြင်တတ်ခဲ့ဘူး...
နားလည်ပေးလို့ ရတယ်...
ဒါပေမယ့် ဘယ်တော့မှ
ခွင့်မလွတ်နိုင်ဘူး....
ရရှိခဲ့တဲ့ ဒဏ်ရာက
တစ်သက်သာမို့ လို့ 
ဘယ်တော့မှ မမေ့နိုင်ဘူး...
မင်းလိုရာလမ်း ရွေးခဲ့ပြီးမို့ ..
ပျော်ရွှင်ပါစေ.... ချစ်သူ...

ခြားနားချက်

ချစ်သူပြုံးတော့
ပန်းဝေကာ...ဖွေး
စမ်းရေပမာ...အေး
အနမ်းတွေ ကဗျာလေး
ဖြစ်ခဲ့တယ်.......။

ချစ်သူမုန်းတော့
ပန်း...အကြွေလမ်း
စမ်း...ရေခမ်းလို့
အလွမ်းတွေ မြေမှာ
လွှမ်းသွားတယ်......။ ။

လင်းခိုင်

ခွင့်လွတ်ပါ

သူတို့အသံတွေကို ငါကြားနေရတာပေါ့
သူတို့လှုပ်ရှားမှုတွေကို ငါမြင်တွေ့နေရတာပေါ့
အမှန်နဲ့အမှား ဘယ်လိုချို ဘယ်လိုခါးတယ်ဆိုတာ
ရေချမ်းစဉ်လေးအဖြစ်နဲ့လည်း
ငါမှတ်သားနေမိပါတယ်

စိမ့်ဝင်လာမဲ့ အပူမီးတွေအတွက်
ငါ့ရေချမ်းစဉ်လေးကို ရေမပြတ်ဖြည့်ထားပါ့မယ်

နင်သီချင်းဆိုသလို ငါလိုက်ဆိုလို့မရသေးတာ
နင်ငိုသလို ငါလိုက်ငိုလို့မရသေးတာ
အဲဒီလို ဆိုခွင့်ငိုခွင့်ကင်းမဲ့နေတဲ့ငါ့ကို
ခွင့်လွှတ်ပေးပါဦးကွယ်

ကျော်မင်းနိုင် အမှတ်တရ စာသားလေး

အွန်လိုင်းအချစ်

Online အချစ်
တစ်နေရာစီက မသိကျွမ်းဖူးတဲ့
လူစိမ်းနှစ်ဦး ဆုံလာရာမှ
သိပ်ချစ်သွားကြတယ်……
တစ်ချိန်မှာတော့ သိပ်ချစ်ကြတဲ့
ချစ်သူနှစ်ဦး ကွဲကွာသွားပြီး
လူစိမ်းပြန်ဖြစ်သွားတယ်….
ဘယ်လောက်မြန်လဲ
ဘယ်လောက်ကြာသလဲ
ဘာအကြောင်းကြောင့်လဲ
မလိုပါဘူးလေ…
ရှေးကရေစက် ရှိခဲ့ဖူးတဲ့
အတိုင်းအတာလေးပဲ ဆုံလာတာမို့
ဆုံလာချိန်လေး ဆုံခွင့်လေးနဲ့
ဆုံခဲ့ဖူးတယ်ဆိုတာလေးပဲ
ကျေနပ်လိုက်ပါ....
(တိမ်တိုက်)

ရင်ခွင်ဟောင်း

အပေါ်ယံလေး ချစ်ပြယုံနဲ့
ငါကျေနပ်နေမိတယ်
နောက်ကွယ် မှာဘာတွေဖြစ်ဖြစ်
ငါခွင့်လွှတ်နေမိတယ်
ရန်ဖြစ်တိုင်းလဲ
ငါအရှုံးပေးနေမိတယ်
အရာရာ မင်းစိတ်တိုင်းကျ
ငါနေခဲ့မိတယ်..
မင်းဘာပဲလုပ်လုပ်
ငါအကောင်းမြင်ပေးနေမိတယ်
ဒီလောက်နားလည်ပေးတာ...
ငါချစ်တဲ့ အချစ်မျိုး
မြုံမှုန်လောက် ပြန်ရင်
ငါအချစ်ကို စံပြဖြစ်ထားမယ်
ဒါလဲ ငါအတွက် စိတ်ကူးလေးပါ...
ငါရင်ခွင်ကို စုံကန်
ရင်ခွင် သစ်ကိုရှာလည်း
အပြုံးလေးနဲ့ ကြိတ်ခံစားမယ်
သူပျော်ပါစေလို့ ဆုတောင်ရင်း
မပြီးဆုံးတဲ့ မနတ်ဖြန်များကို
ခေါင်းငိုက်စိုက်နဲ့
လျှောက်လှမ်းရတော့မယ်....
တကယ်လိုများ...
ရင်ခွင်သစ်မှာ မပျော်
တော်တော်ပဲ စိတ်အိုက်
သိပ်မိုက်တဲ့ အတွေးတွေ
ဝင်ခဲ့ရင်တောင်..
ထင်ရာတွေ လျှောက်မလုပ်နဲ့
ရင်ခွင်ဟောင်းစီပြန်လာခဲ့ပါ ချစ်သူရယ်... ( တိမ်တိုက် )

ငါ့ကို ချန်မထားနဲ့ 

ကျေးဇူးပြုပြီး ငါ့ကိုမေ့ပြစ်လိုက်ဖို့ မပြောခဲ့ပါနဲ့
င့ါအနာဂတ်တွေမှာ မင်းမ၇ှိပေမဲ့ မင်းကိုချစ်ခဲ့ဖူးတဲ့
နှလုံးသားတစ်ခုနဲ့ ၇ှင်သန်နေချင်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုစာနာမူ့တွေမပေးခဲ့ပါနဲ့
ငါနောက်ဘ၀တွေထိ မင်းကို သတိ၇
တမ်းတ မျှော်လင့်မိနေမှာကြောက်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုမင်းနဲ့၇ှိခဲ့ဖူးတဲ့
အတိတ်မှာပဲ ရှင်သန်ခွင့်ပေးပါ မင်းမရှိတဲ့
အနာဂါတ်တစ်ခုကို ငါမလျှောက်လှမ်းချင်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုပြုံးပြခဲ့ပေးပါ
မင်းအပြုံးက ငါ့ကြေကွဲမူ့အတွက်ပေးတဲ့နှစ်သိမ့်ဆု
ဖြစ်ပေမဲ့ ငါ့အတွက်တော့ အလိုချင်ဆုံးဆုတစ်ခုဖြစ်လို့ပါ…..

ကျေးဇူးပြုပြီး ငါ့ကိုနူုတ်ဆက်မသွားပါနဲ့
ငါ့ကိုမင်းချန်ထားခဲ့တယ်လို့ မခံစားနိုင်လို့ပါ….. ။ ။

လမင်းသိုက်

11 Nov 2009

အဆုံးမဲ့ ပေးဆပ်ခြင်း

ပိုလျှံလာမယ့်ကြင်နာမှု
တစ်ခုမှမရှိမှန်းသိပေမယ့်
နာကျည်းလို့လည်း မရခဲ့ပါဘူး…။

မုန်းမေ့ဖို့ မကြိုးစား
မြတ်နိုးမှုတွေသာ ပိုများလာလို့
ပေးဆပ်မှုသည်သာအမြတ်ဆုံး
ရင်ထဲမှာတော့ နုံးချိလျှက်....။

အမှတ်တရ ကဗျာလေးပါ.....

I miss you


The hours seem like days
The days seem like weeks
The weeks seem like years
Not talking to you,
Has brought me so many tears.
You left me alone, I want to cry.
But, I didn’t cry, because of your words.
I never refuse your words.
I try not to think about you, but
I miss you today.

This feeling, I cannot explain in words.
But, I feel it everyday.
And I hope it never goes away.
So, I took this moment to say.
I miss you in the most painful of ways.

I heard a song while sitting in my place.
The one you sang for me
I miss you so much.

Good times past,
Just wishing this
Pain will not last.
But in my heart of hearts,
I know this pain
Has just got its start.

You are the key
To my happiness,
Please come back
And just say, I miss you too...
Always and Forever....

10 Nov 2009

မင်းမရှိတဲ့ နေရာလေး

အမှတ်အသားမရှိတဲ့ ရာသီတွေ
တစ်နေရာစီ မင်းပြုကြတဲ့ နေရာ..
တစ်ချိန်တစ်ခါက
ရေစုန်မှာမျောနေတဲ့ သက္ကရာဇ်တွေနဲ့အတူ
ဗေဒါတွေ လမ်းခင်းပေးတဲ့နေရာ..
ဝေးကွာပြီးရင်း...ဝေးကွာခဲ့ရတဲ့
အဲဒါ...................................
မင်းမရှိတဲ့နေရာလေးပါ။

အဝေးမှာကိုယ်မြင်နေရတယ်
ညင်သာတဲ့ခြေလှမ်းလေးနဲ့
ကိုယ့်ဆီတန်းတန်းလာနေတဲ့ မင်းဟာ
အလှတကာ စုထားတဲ့
နတ်သမီးလေးပါပဲ.....
ဘယ်အရာကို ဘယ်လိုတွေးတွေး
ဘယ်သူတွေ ....
ဘယ်လိုမေးမေး
မင်းရှိသေးတယ်လို့
ကိုယ်ပြောဖြစ်နေသေးတယ်။

မင်းမရှိတဲ့အခါ
ယုံကြည်စရာအနာဂတ်လည်း
ကိုယ့်လက်ထဲ မကျန်ခဲ့တော့ဘူး
ရင်ဆိုင်စရာမာန်လည်း
မခံနိုင်အောင်ပြိုလဲ
မတွန်းလှန်ရဲတော့ဘူး။

ဘ၀အမောတွေဖြေဖို့လည်း
လွင့်မျောနေတဲ့ ကိုယ့်စိတ်ဟာ
ရွေးချယ်စရာ ဘာရှိတော့လို့လဲ
ယဲ့ယဲ့သာကျန်တော့တဲ့
ကိုယ့်မျော်လင့်ချက်တွေ
်မင်းအရိပ်တွေကြားမှာပဲ
အိပ်စက်နေခဲ့တာ...။

လူလောကရဲ့
အရောအနှောထဲမှာ
နွေးထွေးစွာ နားလည်ပေးတဲ့ မင်း
ပေးဆပ်ခြင်းသက်သက်နဲ့
ဘာကြောင့် ထွက်ခွာသွားတာလဲ
အခုတော့လည်း
ရွှေအိုရောင် အိမ်မက်တွေထဲမှာလမ်းလျှောက်
ကိုယ်တစ်ယောက်တည်း
မင်းမရှိတဲ့နေရာလေးမှာ................
မင်းမရှိတဲ့နေရာလေးမှာပဲ..............။

ယူဇနာ

အက်ကွဲတဲ့ အသည်း

သံယောဇဉ်တွယ်ငြိခါမှ
ရုန်းထွက်ရပြီလား....
အက်ကွဲပြီး ကြေမွနေတဲ့အသည်း
နောက်ထပ်ကွဲဖို့လည်းမကျန်တော့ပါ
ဒီအတိုင်းသာ ကျောခိုင်းသွားမလို့ လား...

မနက်ဖြန်ကို မျှော်လင့်ရင်း
ရှင်သန်ခြင်းရဲ့ မြူတစ်မှုံစာဟာ
သူ့မျက်ဝန်းထဲမှ အကြင်နာဟု
ယုံကြည်ကာ ကိုးစားခဲ့မိသူ...

ရင်ခွင် ဗလာကျင်းမှာတော့
အလွမ်းမီးတောက်လို့ ပူပြင်းနေဆဲ
အချိန်တွေသာ တိုက်စား
ရင်ဘတ်မှာတော့ ဒဏ်ရာတည်
အသည်းနှလုံးတောင် "တဖဲ့"
ပဲ့ပါသွားပြီလေ…
ခုတော့လည်း အလွမ်းရင်ခွင်မှာ
ဆွေးမြည့်တဲ့အသည်းဟာ
ဟောင်းနွမ်းသွားတဲ့ အိမ်မက်များဖြင့်
နာကျင်စွာ အိပ်စက်ရင်း .............။

မျိုသိပ်ခြင်း

လှည့်စားမယ်လို့  မရည်ရွယ်
ကျန်ရစ်မှာကို ကြောက်လို့ 
နေရစ်ပါရစေတော့….
လွင့်ကြွေလာတဲ့ မင်းရင်ထဲက
စကားတွေ မျိုသိပ်ရင်း…
နှလုံးသားကို စူးမိရင်တောင်မှ
ကျေနပ်နေတော့မယ်…
နောက်ထပ် ကျွံကျမှာဆိုးလို့ 
မင်းခင်းပေးတဲ့ တံတားကို…
မနင်းရက်ခဲ့ဘူး…