♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

15 Mar 2010

နှလုံးသားရဲ့  မာန

ရင်ထဲက ဖြူစင်သော အချစ်နဲ့
ပေးဆပ်လိုက်ရတာမို့ …
မင်းအတွက် ကျခဲ့တဲ့ မျက်ရည်စက်
လေဟာနယ်ထဲ ဝေးလွင့်သွားပါစေ…
ငါ ဘယ်တော့မှ မသုတ်ဘူး….

အခြားနှလုံးသားတစ်ခုနဲ့ 
နင်ပြုစားနေမှန်း စသိတဲ့အချိန်
သတိရ တမ်းတမ်းတတရှိနေတဲ့
အလွမ်းကို နင်သတ်ခဲ့တယ်

ငါ့နှလုံးသားတွေ ကြေကွဲနေပါစေ…
အလွမ်းတွေ… လွင့်ကြွေနေပါစေ…
တံတားကျိုးမှ ငါ့ဆီ ပြန်လှည့်မလာနဲ့ 
မင်းအတွက် လျှောက်ဖို့ လမ်းမရှိဘူး....
အချစ်ထက် အင်အားပြင်းတာ
ငါ့နှလုံးသား ရဲ့  မာန ပဲ…