♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

19 Dec 2009

နှုတ်ဆက်ချိန်

ဝေးဖို့ ...
သခင် သွားစေညွှန်းလို့
နှုတ်ဆက်ကြပါစို့ကွယ်။

စေ့ထားတဲ့
နှုတ်ခမ်းအစုံမှာ..
မပြောဖြစ်တဲ့
စကားတွေ ရှိနေပါလိမ့်မယ်..။

အေးစက်ဆဲ
နှလုံးသားနှင့်
သိမ်းထားစေတော့..
ဆောင်းညနဲ့အတူ
အေးခဲနေမပေါ့..။

မဆုံဖြစ်တဲ့
မျက်ဝန်းအစုံမှာ
သိမ်းထားတဲ့
အကြင်နာရိပ်တွေ ရှိနေပါလိမ့်မယ်..။

တန်ဖိုးမဲ့ အမှိုက်လို
လမ်းမထက်
ပြိုပျက်ကျစေတော့
လေပြင်းက
ရှင်းလင်းသွားပေမပေါ့။

အစကတည်းက
ဆုံးပြီးသား ဇာတ်ညွန်းမို့
ဘာဆိုဘာမှ ပိုင်ဆိုင်ဖို့ မရှိခဲ့သူလေ..

တကယ်ဆို..

သတိရခြင်းတွေလောက်တော့
ပိုင်ဆိုင်ခွင့်ရချင်သေးတယ်..။

(သူငယ်ချင်းတစ်ယောက်မှ ပေးပို့ သော ကဗျာပါ ကြိုက်လို့  ပြန်တင်ထားပါတယ်)

9 Dec 2009

လောကဓံရဲ့  ၀ဋ်ကြွေး

ဆောင်းလေညှင်း ဖြည်းဖြည်းလေး
ငါ့ နှလုံးသားကို တိုက်စား
တဖဲ့ တဖဲ့နဲ့  လေထဲလွင့်သွား
တစ်စက်ချင်း တစ်စက်ချင်း
နှလုံးသွေးတွေယိုစိမ့်လို့ လာ
နာကျင်တာထက်… နှလုံးထဲကိုစူးရှ
နှလုံးသားရဲ့ ရင်ဘတ်ထဲသို့ 
ခြစ်မိတဲ့ ဒဏ်ရာ… ရင်ဆိုင်ဖို့ 
ငါ ကြောက်နေမိတယ်….
သဘာဝတရားကို မလွန်ဆန်နိုင်
ရရှိသွားတဲ့ အခြစ်ဒဏ်ရာတွေကို
ကျေကျေနပ်နပ်နဲ့  လောကကြီး
ငါ ရင်ဆိုင်သွားမယ်……
ဒဏ်ရာ ဒဏ်ချက်နဲ့  နူးညံ့တဲ့ 
နှလုံးသားကို…အနိုင်မယူပါနဲ့ 
နောက်ထပ် ခြစ်ရာ ဒဏ်ရာတွေ
ငါ့ရင်မှာ မဆန့် နိုင်တော့ဘူး
ကံကြမ္မာရဲ့  အပြောင်းလဲကို
ကြိုမမြင်နိုင်တော့ ….
လောကဓံရဲ့ … ၀ဋ်ကြွေး
ပေးဆပ်ရမှာကို အရမ်း
ကြောက်နေမိပြီလေ....။

6 Dec 2009

နှစ်ချို့ အလွမ်း

စွဲလမ်းမိရင် .....
ဘာကိုမှလည်း မတမ်းတ
သူမှသူပဲ မှန်းဆ
ကျောခိုင်းထားတဲ့ လမ်းက
လွမ်းရတဲ့ ဝေဒနာ
မဖြေသာလည်း ရှိပါစေ
ငြိတာတွေ၊ထိတာတွေ နင်မသိလည်း
ရင်ထဲမှာ " နင် " ရှိနေပြီးသားမို့
ညည်းတွားလို့လည်း မအော်ဟစ်ပါ
အပျော်ချစ်ကာ လိမ်လည်ကစားလို့
အဖော်သစ်လာချိန် နင်တကယ်ထားသွားလည်း
တားထားတဲ့ စည်းတွေချိုးဖျက်
နိုးတ၀က်နဲ့ အိပ်မက်ထဲ
ယောင်လို့လည်း အပစ်မဖွဲ့ပါ
ချစ်ခဲ့တာ ပုံပြင်အဆန်းကို
နှစ်၊ရက်ကြာ မယုံချင်စတမ်းပေမယ့်
ငါလေ ..............
ကြုံရင်တော့ဖြင့် လွမ်းပါရစေ ........။ ။

လင်းခိုင် (LC)

အလွမ်းဒီဇင်ဘာ

ဒီဇင်ဘာရဲ့နှင်းတွေပုံပြင်ဆန်လိုက်ပုံက
သစ်ပင်တွေရဲ့စိမ်းလန်းမှုကိုနှင်းငွေ့နဲ့
ကိုယ်ရောင်ဖျောက်ထားတယ်....
မင်းလျှောက်တဲ့ခြေလှမ်းတိုင်းကိုလဲ
နှင်းငွေ့တွေကဦးညွတ်ကြိုဆိုလို့...
အချမ်းဒဏ်ကိုငါကြောက်ပေမဲ့
ဆောင်းကိုတော့ငါချစ်တယ်...
အဲဒီနေ့က နှင်းမှုန်တွေကြဲထားလို့
လောကကိုတောင်ခပ်ဝါးဝါးပဲမြင်ခွင့်ရတယ်...
နင့်ခြေသံတွေကိုလက်ခံပေးဖို့လဲ
ငါ့နှလုံးသားကမငြင်းဆိုခဲ့ဘူး...
အဲဒီတုန်းကလူခြေတိတ်တဲ့ကျောင်းဝန်းထဲမှာ
နင်ရယ်ငါရယ်လူတစ်ချို့ရယ်...
တစိမ်းဆန်ခြင်းတွေရယ်အတူရှိခဲ့ကြတယ်နော်...
ခုနင်ဘယ်မှာလဲကောင်မလေးရေ...
ငါမရှိတဲ့ဒေသမှာ ငါမသိတဲ့သူစိမ်းတွေနဲ့
အရင်လိုပဲတစိမ်းဆန်ဆန်နေတတ်ပါစေ...။ ။

ဒီလူ(တောင်တွင်းကြီး)

နှလုံးသွေးနဲ့ေ၇းတဲ့ကဗျာ...

ငါ့အချစ်တွေနဲ့ မင်းဘ၀ကို
လှပအောင် ဖန်ဆင်းပေးမယ်
မင်းပျော်ရွှင်စေချင်လို့ပါ.........

ငါဝမ်းနည်းတဲ့အခါ
မင်းမမြင်အောင်ပုန်းရှောင်နေမယ်
ငါ့မျက်၇ည်တွေမင်းမမြင်စေချင်လို့ပါ.......

မင်း၇က်စက်တဲ့အခါ
ငါခွင့်လွှတ်ပြီး ချစ်နေမှာပါ
မင်းအတွက်ဝဋ်ကြွေးမတင်စေချင်လို့ပါ....

ငါ့ကိုထားပြီးမင်းထွက်သွားလဲ
ငါ၇ပ်ကြည့်နေမှာပါ
မင်းစိတ်သဘောအတိုင်းပေါ့
ငါမတားချင်လို့ပါ...........

ငါအစွမ်းရှိသမျှ
မင်းအတွက်ဖန်ဆင်းပေးမယ်
မင်းဘ၀လေးလင်းလက်စေချင်လို့ပါ.......

ဒါပေမယ့် နောက်ဆုံးတော့
ငါ့အတွက် ဒဏ်၇ာတွေပြန်၇လဲ
ကျေနပ်နေမှာပါ
ငါ့ဝဋ်ကြွေးတွေအပြီးသတ်ချင်လို့ပါ.........။

White (ကြယ်စုလေးများ)

သိပ်ချစ်ရသူမို့

သိပ်ချစ်ရသူမို့…..
ရင်တွင်းကလာ ကိုယ့်မေတ္တာတွေ
မင်းလေးမသိစေချင်ဘူး…..။
သိပ်ချစ်၇သူမို့…..
ကြေကွဲခံစား ကိုယ့်မျက်ရည်စတွေ
မင်းလေး မမြင်စေချင်ဘူး….။
သိပ်ချစ်ရသူမို့…..
ညဉ့်နက်သန်းခေါင် မည်းနာမည်
ကိုယ်ယောင်ယမ်းခေါ်မိသံတွေ
မင်းလေး မကြားစေချင်ဘူး…..။
သိပ်ချစ်ရသူမို့
ခက်ခဲကြမ်းတမ်းလှတဲ့ ကိုယ့်ဘ၀ခ၇ီးကြမ်းထဲ
မင်းလေးကို အတင်းဆွဲခေါ်မသွားချင်ဘူး…..။
သိပ်ချစ်ရသူမို့…..
ကိုယ်သေဆုံးသွားလည်း
ကိုယ့်ခန္ဓာအတွက်မင်းလေး
ဝမ်းနည်းမျက်ရည် မကျဆင်းစေချင်ဘူး…..။
သြော် …………………………………..
ကောင်မလေးရယ်မင်းဟာ ငါ့အတွက်တော့
သိပ်ချစ်ရသူမို့ ပါ….။

(လမင်းသိုက်)

5 Dec 2009

ကျိန်စာသင့် ရင်ခွင်

မချစ်တတ်သေးချိန်မှာ
တန်ဖိုးမထားတတ်ခဲ့ဘူး

ချစ်တတ်လာချိန်မှာတော့
အရှူံးများနဲ့ရူး..............

ချစ်သူကိုဆုံးရှူံး၇မယ်ဆိုတော့မှ
တုန်လှုပ်ခြောက်ခြား
နာကျင်ချင်းဒဏ် ဘယ်လိုမှမခံစားနိုင်ဘူး..........

မထင်မှတ်ခဲ့ဘူး........
မင်းမှာနောက်တစ်ယောက်ရှိလာမယ်လို့...........
ဝန်ခံပါတယ်
ကို့၇ဲ့မှားယွင်းခြင်းတွေအတွက်........

အပြစ်ရှိသမျှပေးဆပ်ပါ၇စေ
ဒါပေမယ့်.........
ဝေးကွာခြင်းလက်နက်နဲ့တော့
ဒဏ်မခတ်လိုက်ပါနဲ့.............

ဝေးကွာခြင်းခြေသံသဲ့သဲ့ကြားရုံနဲ့
ငါ့အသည်းနှလုံးတွေကွဲအက်
ငါ့ဘ၀တစ်ခုလုံးပြိုလဲမတတ်ပဲ.........

ငါ့အချစ်တွေက ပေးဆပ်ခြင်းသက်သက်ပါ
၇ယူခြင်းကင်းတဲ့ ဖြူစင်ခြင်းတွေပဲ
မင်းအတွက်ဖန်ဆင်းပြချင်တယ်
စွန့်လွတ်ခြင်းဆိုတာကိုတော့မေ့ထားပါ၇စေ.......

ဖြစ်နိုင်မယ်ဆို၇င် မျှော်လင့်ချင်ပါတယ်
ှနှလုံးသားနှစ်ခုထပ်တူပြု
မင်းအနားမှာအမြဲ ထာ၀၇လက်တွဲခွင့်ကိုလေ..............။

White (ကြယ်စုလေးများ)

2 Dec 2009

ဒီရင်ခွင်ထဲ…

ဖော်မဲ့ကာ သေဆုံးနေတဲ့ ဘဝ
အချစ်စိတ်တွေထားခဲ့
အမုန်းစိတ်တွေလည်းလွှတ်ပစ်
မသေချာတော့တဲ့ မနက်ဖြန်….
အချစ်နှောင်ကြိုးတွေ ရစ်ပတ်ခဲ့
ရင်မှာရှိတဲ့  သံယောဇဉ်
နှလုံးအိမ်ထဲမှာ စတေခဲ့
ကြင်နာသူ နားလည်ပါစေ…။

တဖန်ပြန်လည် ရှင်သန်ခြင်းရဲ့ အစ
သာယာတဲ့ ဘ၀လေးရှင်သန်ဖို့ 
မင်းအချစ်တွေနဲ့  ငါ့ရင်ခွင်ကိုပျိုးခဲ့တယ်
ကြေကွဲဒဏ်ရာနဲ့ အလွမ်းတွေကုစား
လောင်ငွေ့ တွေ လွင့်ပြယ်
ဒီမယ်ရင်ထဲ ရှင်သန်ခြင်းဆိုတဲ့…
ဘ၀သစ်ကို ခရီးဆက်…..
ရထားသွားတစင်းအလား…
လိုက်ပါသွားတဲ့ ခရီးသွား…
အချစ်ဧည့်သည် ဒီရင်ခွင်ထဲ…
ဖြူစင်သော... နှလုံးသားဖြင့်...
နွေးထွေးကာ ကြိုဆိုနေမယ်.…။