♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

21 Feb 2010

"ရင်ကိုအပ်" .... နှင့် ...." ခွဲလိုက်သည်"

အရှုံးပေးထားပါတယ်
နှလုံးသွေးသားတွေလည်ပတ်နေသမျှ
တကယ် .... မျက်ရည်မကျစတမ်း ။
ရက်တွေ လလှမ်း
လတွေ နှစ်ရွှေ့
သစ်ရွေ့ကာ အဖန်ဖန်ဖြစ်ခဲ့
အပြန်အလှန်ရစ်တဲ့ သမုဒ္ဒယ အမျှင်ကို
ယုယရင် .... အနေခက်တယ်လို့
ခုမှ ( တမင် ) ချေဖျက်
ဖြည်ထွက်တော့ မှာလား "မ"

ဘ၀အစနှစ်ကိုယ် ရင်ကြားမှာ
ခဏခဏ အငြိုအငြင်များလာမှ
လိုတယ်ထင်ရတာလည်း... ရှား
ခုတော့ဖြင့် ... မရေ
ချိုတယ်ထင်သမျှဟာလည်း ခါးနေပြီဗျာ။

ဓနတွေ မညီညာခဲ့ကြလို့
မရေ .....
သည်တစ်ခါ ခွဲကြစို့နော် ။

ကျွန်တော်ချစ်တဲ့ မ
အဖော်သစ်နဲ့မှ
အပျော်ဖြစ်ခဲ့ရမယ်ဆို
လိုသမျှဟာလည်း ပြည့်
အချိုအရသာလည်းတွေ့ဖို့
ကျွန်တော်လေ .......
ဘ၀ထိုတစ်ကွေ့မှာ ပန်းခင်းထားပါမယ်
" မ " လိုသ၍သာ
လှမ်း .... နင်းသွားပါကွယ် ။



လင်းခိုင်

17 Feb 2010

ဇာတ်သိမ်း

မငိုခဲ့ဖူး
ငိုခဲ့ဖူးပြီ
မထူးမဲ့ဇာတ်
တစ်ခန်းရပ်နဲ့
ပြီးပြတ်လိုက်တာ
ပိုကောင်းမယ်.........

ကိုရီး{ကိုကြီး}

2 Feb 2010

ငါ့ရဲ့....ဖြစ်တည်မှု

ငါ့ကိုယ်တိုင်..မြေမြုပ်ဖို့ငါ့အချစ်ကိုငါမရှင်သန်စေချင်ခဲ့ပါဘူး
ငါကိုယ်တိုင်...ငါ့နှလုံးသားကို..အဆုံးစီရင်ရလိမ့်မယ်လို့လဲ..
ငါဘယ်တုံးကမှ...တွေးမထားခဲ့ဘူး...

ခုတော့........ ချစ်သူရရ်....
.အိပ်မက်လေးပဲဖြစ်ပါရစေလို့ ငါအကြိမ်ကြိမ်းဆုတောင်းနေလဲ..
အဲဒီအိပ်မက်က..ငါအတွက်..ထမင်းလုံးတစ္ဆေ ခြောက်တဲ့
အိပ်မက်လိုဖြစ်နေခဲ့မှန်း...ငါကိုယ်တိုင်ကြုံမှ...သိခွင့်ရခဲ့တယ်...

ဘ၀ကမချိုရတဲ့ကြားထဲ...မက်တဲ့အိပ်မက်ကပါ..ခါးသီးနေတဲ့ င့ါအဖြစ်...
ကိုယ်တိုင်ဖျော်တဲ့...ကော်ဖီကိုတောင်မုန်းချင်လာသလိုပဲ..
ချစ်သူရေ.... ဘယ်တော့များမှ...ချိုမြိန်ခွင့်ဆိုတာငါ့အတွက်...ရှိမှာလဲ...။

Music