♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

31 Jan 2010

နှင်းဝေတဲ့ ဆောင်း

နှင်းတွေဝေတဲ့ မနက်ခင်းတိုင်း
ဆောင်း ကို သတိရပါနော်…

နှင်းတွေဝေတဲ့ ဆောင်းတွင်းမှာ
တစ်ချိန်က ချစ်ခဲ့တဲ့
ဆောင်း ကို သတိရပါနော်…

နှင်းတွေဝေတဲ့ ဆောင်းတစ်နေ့ မှာ
မင်းကိုချစ်တယ်လို့  ပြောခဲ့တဲ့
ဆောင်း ကို သတိရပါနော်…

အေးမြတဲ့ ဆောင်းတွင်းမှာ
မင်းနဲ့ အတူ ပျော်ရွှင်ခဲ့တဲ့
ရက်တွေတိုင်း သတိရနေမှာပါ

ဒီဇင်္ဘာကို ချစ်တဲ့ဆောင်း
ဖြူစင်သော နှင်းတွေနဲ့ အတူ
ရင်ထဲက အလွမ်းတွေ
နှင်းတွေဝေတဲ့ ဆောင်းတွင်းမှာ
တကိုယ်တည်းအလွမ်းတွေငြိကာ
ရင်ထဲက အလွမ်းနှင်းတွေ
တဖွေးဖွေး လွင့်ကြွေနေပြီး ချစ်သူ…

အချိန်တွေနှောင်း အခါတွေပြောင်းလည်း
ဆောင်းတွင်း ဒီဇင်္ဘာမှာ
အချစ်တွေဝေခဲ့တဲ့ ဆောင်း
ဘယ်တော့မှ ဟောင်းမသွားဘူး
မင်းကို လွမ်းနေမှာပါ… ချစ်သူ

ဆောင်း

29 Jan 2010

သဲတပွင့်

လောကဓံရဲ့  ဖနှောင့်အောက်က
ဖိခံနေရတဲ့ သဲ တပွင့်ပါ...
နင်းချင်ရာ နင်းသွားကြပါ

ဆန္ဒရှိရင်လည်း အသုံးပြုပါ
လိုရာပုံသွင်း ထုထောင်းအလှဆင်
မင်းအတွက်ဆို ပြုံးရွှင်သော
သဲရုပ်ထုလေးပမာ လှနေမှာပါ

ဒီသဲတောင်ပြင်ပေါ်မှာ
နှလုံးသားနဲ့ ရေးခဲ့တဲ့ မင်းပုံလေးကို
လှိုင်းလုံးကြီးက တိုက်စားသွားပြန်ရော
ဒီဘ၀ သံတရာ ၀ဋ်ကြွေး ရှိရင်လည်း ကျေပါစေတော့

28 Jan 2010

{ဒုတိယမြောက် ကျဆုံးခြင်း}

စံပယ်ရုံထဲမှာ အဖြူစင်ဆုံး
အပြုံးတွေ သန္ဓေတည်ခဲ့
ဇန်န၀ါရီ နံနက်ခင်းမှာ
ကျွန်တော့်ရဲ့ နှင်းတွေ
အင်ကြင်းရနံ့သင်းစေချင်တယ်……..

အခုတော့လည်းလေ
ခြောက်သွေ့ရာအရပ်ကိုမှ
ရွေးပြီး မိုးခေါင်ရှာလို့ ဟောဒီ...
သက္ကရာဇ်မှာ “တနေ့တော့
ပွင့်လန်းလာမှာပါလေ” လို့
မျှော်လင့်အိပ်မက်ထားတဲ့
ကျွန်တော့်ရဲ့ နှင်းဆီပင်လေးလည်း
ညှိုးနွမ်း ရင်ခုန်သံတွေလည်း
အလိုလို ဆွံ့အသွားခဲ့………

ဒါပေမယ့် မိတ်ဆွေ ကျေးဇူးပြုပြီး
ကျွန်တော့်ရဲ့ အိပ်မက်ကို
ဘယ်တော့ ဘယ်တော့မှ
ပန်းခွေမချပါနဲ့…………။

သားကြီး

26 Jan 2010

အသက်မဲ့ နှလုံးသား

ရင်ထဲက လှိုင်းခတ်သံ
ကမ္ဘာကြီးတစ်ခုလုံး ရုတ်တရက်
ဆူညံပုတ်ခတ် တုန်းလှုပ်စေခဲ့
လှိုင်းလုံးတွေ နှလုံးသားကိုတိုက်စား
တစ်ဖဲ့ တစ်ဖဲ့ လွင့်ကြွေရပြန်ပြီး…။

ရင်ဘတ်ထဲက သေနေတဲ့ နှလုံးသားပါ
ပျိုးပြီးမှ ရှင်သန်ဆဲဆဲ နှလုံးသားကို
ပြန်ခုတ်ရက်တယ်နော်
တစ်ထစ်ထစ် မခုတ်ပါနဲ့ 
နာကျင်လွန်းလို့ ပါ….
တစ်ခါတည်း သေအောင်
ခုတ်ပစ်လိုက်စမ်းပါ…..။

ဆောင်း

တမ်းတခြင်း

ဆောင်းလေရဲ့ အငွေ.သက်
အေးစက်စက်နဲ့ ငါ့ရင်ကိုတိုးဝင်
အတွေးခက်တဲ့ ဆွေးချက်တွေနဲ့
ဘာလို့များမင်းကို တမ်းတနေမိ....။

မိုးလည်းမဟုတ် မြူမဟုတ်တဲ့
နှင်းတဆုပ်ကို ဆုပ်ကိုင်ရင်းနဲ.
ရုတ်တရက်ဆိုသလို မင်းကိုသတိရလိုက်မိတယ်....။

တစ်ခါက မင်းပြောဖူးပါရဲ့
နှင်းတွေနဲ. ဆော့ချင်တယ်တဲ့လေ
အမှတ်တမဲ့က အမှတ်တရဆိုတဲ့
စကားလိုဘဲ ခပ်ညံ့ညံ့ ငါ့လိုကောင်က
မင်းကိုတမ်းတနေမိရဲ့....။

မိုးယံ

19 Jan 2010

အလွမ်းမဲ့ ဒဏ်ရာ

ချစ်သူ...
မင်းနဲ့တွေ့တဲ့ နေ့ရက်တွေမှာ
အလွမ်းတွေကို အဖော်ပြုပြီး
ဖြတ်သန်းရတဲ့ စက္ကန့်တိုင်းဟာ
ကိုယ်အတွက်တော့ ကာရံမဲ့နေတယ်
မင်းနဲ့တွေ့မှ အလွမ်းတွေကို
ခင်းပြမယ်လို့ ကြံရွယ်ရင်းပဲ
မျှော်လင့်ချက်တွေ မှောင်မိုင်ေ၀၀ါး
အိမ်မက်တွေပျောက် လမ်းတွေပျောက်ဆုံး
အလွမ်းဒဏ်ရာ ရင်မှာဖြေသိမ့်
တိတ်တိတ်လေးကြေကွဲနေရသူကကိုယ်ပါကွာ။
မင်းစာနာတတ်မယ်ဆိုရင် တချက်လောက်
ကိုယ့်ကိုလှည့်ကြည့်ယုံနဲ့
ကျေနပ်နေမဲ့သူပါကွာ..........။

ဒီရေ

ချစ်သူ

ဟန်ဆောင်ပြီး မချစ်ပါနဲ့ 
ငါ့မှာ ခံစားဖို့  အင်အားတောင်မရှိတော့ဘူး
နားလည်ပေးပါ... ချစ်သူ

မျိုသိပ့်ကာ ခံစားရင်း
ဘ၀နာကျင်ခြင်းကို ထပ်မပေးပါနဲ့ တော့
စာနာပေးပါ... ချစ်သူ

ရင်ထဲက မချစ်နိုင်မှန်းသိရင်
ဒီရင်ခွင့်ကနေ တိတ်တခိုးလေး
ကျောခိုင်းပေးပါ. ချစ်သူ...

ဆောင်း

2 Jan 2010

ချစ်သူ .... သို့ 

ဆောင်းလေပြေနှင့်အတူ
ရင်ခွင်ထဲ ၀င်လာပြီးမှတော့
ထွက်မသွားပါနဲ့ 
မင်းရဲ့ အချစ်နဲ့ 
နှလုံးသားကို ရစ်နှောင်ထားခဲ့ပြီး
ဒဏ်ရာတွေထပ်နေတဲ့ နှလုံးသားကို
သိသိရက်နဲ့  ထပ်ပေးမလို့ လား…
နောက်ထပ် ပြောဖို့ စကားလုံးတောင်
ရှာမတွေ့ နိုင်တော့ဘူး…
ခံစားချက်တွေ ပြည့်နေတဲ့အသည်း
ရင်ကွဲနာကျ သေဆုံးဖို့ ပဲ ကျန်တော့တယ်…
ရှင်သန်ဖို့  ကြိုးစားနေအခိုက်
မသတ်လိုက်ပါနဲ့ ချစ်သူ…
ဖြူစင်သော နှလုံးသားတစုံနဲ့ 
မင်းကို ထာဝရ ချစ်နေမယ်…
ချစ်သူ သိနားလည်နိုင်ပါစေ