♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

19 Apr 2010

ရင်ထဲက အပြုံး

မမြင်နိုင်တဲ့ နှောင်ကြိုးလေးနဲ့ 
ငါ့ နှလုံးသားကို ထပ်တိုးကာ
ရစ်ချည်ခဲ့ပြီး... ရုန်းထွက်ဖို့ လည်း
မကြိုစားခဲ့ပါဘူး.....။

မမြင်နိုင်တဲ့ အနာဂတ်လမ်းကျဉ်းလေး
ရှေးဆက်မရမှန်း သိပေမယ့်
နောက်ဆုတ်ဖို့  မကြိုးစားခဲ့ပါဘူး....။

မမြင်နိုင်တဲ့ အလွမ်းတွေတာ
ရင်ခွင်တစ်ခုလုံး ဖုံးလွှမ်းကာ
အလွမ်းထဲမှာ ဆူးနစ်နေလည်း

အမြဲ ပြုံးပြဖို့  အားတင်းထားဆဲပါ

No comments:

Post a Comment