♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

5 Oct 2010

ချစ်သူအတွက်.. ဇာတ်လမ်း ..

လမ်းလျောက်ခဲ့ပါတယ်...
အလင်းရောင်ဖြာကျနေတဲ့နေ့တွေထဲ
လောက ကဖြားယောင်းမှုကို ၀တ်ဆင်လို့
နုပျိုသစ်လွင်စွာပေါ့...
စာသံပေသံနဲ့ အဖြူရောင် ချစ်ခြင်းတွေ..
လမ်းလျောက်ခဲ့တယ်..
ချစ်ခြင်းမေတ္တာတွေ
သစ္စာတရားတွေ
သစ္စာမဲ့မှုတွေ...
ငွေကြေးပေါ်လစီတွေ၊ချိန်ခွင်နဲ့ပေတံတွေ
တည်မြဲခြင်းတွေ ၊ မတည်မြဲခြင်းတွေ
အစားထိုးခြင်း သီအိုရီ
ပြူံးတချက် မဲ့ တချက် ဆက်လျောက်ခဲ့တယ်..
လမ်းဆက်လျောက်နေဆဲ
ရင်ဘတ်မှာ လာစိုက်ဝင်တယ်..
နုတ်လို့မရတဲ့ နုတ်ဖို့မကြိုးစားတော့တဲ့အရာ
ကျွန်တော် ဆောင်း တွင်းကာလရဲ့
ဒီဇင်ဘာ နှင်းတောထဲမှာ
ပြုံးပြုံးကြီး လဲကျ သေဆုံးခဲ့ပါတယ်.......................................................လေနီ..

No comments:

Post a Comment