နှင်းတွေဝေတဲ့ မနက်ခင်းတိုင်း
ဆောင်း ကို သတိရပါနော်…
နှင်းတွေဝေတဲ့ ဆောင်းတွင်းမှာ
တစ်ချိန်က ချစ်ခဲ့တဲ့
ဆောင်း ကို သတိရပါနော်…
နှင်းတွေဝေတဲ့ ဆောင်းတစ်နေ့ မှာ
မင်းကိုချစ်တယ်လို့  ပြောခဲ့တဲ့
ဆောင်း ကို သတိရပါနော်…
အေးမြတဲ့ ဆောင်းတွင်းမှာ
မင်းနဲ့ အတူ ပျော်ရွှင်ခဲ့တဲ့
ရက်တွေတိုင်း သတိရနေမှာပါ
ဒီဇင်္ဘာကို ချစ်တဲ့ဆောင်း
ဖြူစင်သော နှင်းတွေနဲ့ အတူ
ရင်ထဲက အလွမ်းတွေ
နှင်းတွေဝေတဲ့ ဆောင်းတွင်းမှာ
တကိုယ်တည်းအလွမ်းတွေငြိကာ
ရင်ထဲက အလွမ်းနှင်းတွေ
တဖွေးဖွေး လွင့်ကြွေနေပြီး ချစ်သူ…
အချိန်တွေနှောင်း အခါတွေပြောင်းလည်း
ဆောင်းတွင်း ဒီဇင်္ဘာမှာ
အချစ်တွေဝေခဲ့တဲ့ ဆောင်း
ဘယ်တော့မှ ဟောင်းမသွားဘူး
မင်းကို လွမ်းနေမှာပါ… ချစ်သူ
ဆောင်း
31 Jan 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment