ချစ်သူ...
မင်းနဲ့တွေ့တဲ့ နေ့ရက်တွေမှာ
အလွမ်းတွေကို အဖော်ပြုပြီး
ဖြတ်သန်းရတဲ့ စက္ကန့်တိုင်းဟာ
ကိုယ်အတွက်တော့ ကာရံမဲ့နေတယ်
မင်းနဲ့တွေ့မှ အလွမ်းတွေကို
ခင်းပြမယ်လို့ ကြံရွယ်ရင်းပဲ
မျှော်လင့်ချက်တွေ မှောင်မိုင်ေ၀၀ါး
အိမ်မက်တွေပျောက် လမ်းတွေပျောက်ဆုံး
အလွမ်းဒဏ်ရာ ရင်မှာဖြေသိမ့်
တိတ်တိတ်လေးကြေကွဲနေရသူကကိုယ်ပါကွာ။
မင်းစာနာတတ်မယ်ဆိုရင် တချက်လောက်
ကိုယ့်ကိုလှည့်ကြည့်ယုံနဲ့
ကျေနပ်နေမဲ့သူပါကွာ..........။
ဒီရေ
19 Jan 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment