ဆောင်းလေရဲ့ အငွေ.သက်
အေးစက်စက်နဲ့ ငါ့ရင်ကိုတိုးဝင်
အတွေးခက်တဲ့ ဆွေးချက်တွေနဲ့
ဘာလို့များမင်းကို တမ်းတနေမိ....။
မိုးလည်းမဟုတ် မြူမဟုတ်တဲ့
နှင်းတဆုပ်ကို ဆုပ်ကိုင်ရင်းနဲ.
ရုတ်တရက်ဆိုသလို မင်းကိုသတိရလိုက်မိတယ်....။
တစ်ခါက မင်းပြောဖူးပါရဲ့
နှင်းတွေနဲ. ဆော့ချင်တယ်တဲ့လေ
အမှတ်တမဲ့က အမှတ်တရဆိုတဲ့
စကားလိုဘဲ ခပ်ညံ့ညံ့ ငါ့လိုကောင်က
မင်းကိုတမ်းတနေမိရဲ့....။
မိုးယံ
26 Jan 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment