♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

28 Jan 2010

{ဒုတိယမြောက် ကျဆုံးခြင်း}

စံပယ်ရုံထဲမှာ အဖြူစင်ဆုံး
အပြုံးတွေ သန္ဓေတည်ခဲ့
ဇန်န၀ါရီ နံနက်ခင်းမှာ
ကျွန်တော့်ရဲ့ နှင်းတွေ
အင်ကြင်းရနံ့သင်းစေချင်တယ်……..

အခုတော့လည်းလေ
ခြောက်သွေ့ရာအရပ်ကိုမှ
ရွေးပြီး မိုးခေါင်ရှာလို့ ဟောဒီ...
သက္ကရာဇ်မှာ “တနေ့တော့
ပွင့်လန်းလာမှာပါလေ” လို့
မျှော်လင့်အိပ်မက်ထားတဲ့
ကျွန်တော့်ရဲ့ နှင်းဆီပင်လေးလည်း
ညှိုးနွမ်း ရင်ခုန်သံတွေလည်း
အလိုလို ဆွံ့အသွားခဲ့………

ဒါပေမယ့် မိတ်ဆွေ ကျေးဇူးပြုပြီး
ကျွန်တော့်ရဲ့ အိပ်မက်ကို
ဘယ်တော့ ဘယ်တော့မှ
ပန်းခွေမချပါနဲ့…………။

သားကြီး

No comments:

Post a Comment