♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

2 Dec 2009

ဒီရင်ခွင်ထဲ…

ဖော်မဲ့ကာ သေဆုံးနေတဲ့ ဘဝ
အချစ်စိတ်တွေထားခဲ့
အမုန်းစိတ်တွေလည်းလွှတ်ပစ်
မသေချာတော့တဲ့ မနက်ဖြန်….
အချစ်နှောင်ကြိုးတွေ ရစ်ပတ်ခဲ့
ရင်မှာရှိတဲ့  သံယောဇဉ်
နှလုံးအိမ်ထဲမှာ စတေခဲ့
ကြင်နာသူ နားလည်ပါစေ…။

တဖန်ပြန်လည် ရှင်သန်ခြင်းရဲ့ အစ
သာယာတဲ့ ဘ၀လေးရှင်သန်ဖို့ 
မင်းအချစ်တွေနဲ့  ငါ့ရင်ခွင်ကိုပျိုးခဲ့တယ်
ကြေကွဲဒဏ်ရာနဲ့ အလွမ်းတွေကုစား
လောင်ငွေ့ တွေ လွင့်ပြယ်
ဒီမယ်ရင်ထဲ ရှင်သန်ခြင်းဆိုတဲ့…
ဘ၀သစ်ကို ခရီးဆက်…..
ရထားသွားတစင်းအလား…
လိုက်ပါသွားတဲ့ ခရီးသွား…
အချစ်ဧည့်သည် ဒီရင်ခွင်ထဲ…
ဖြူစင်သော... နှလုံးသားဖြင့်...
နွေးထွေးကာ ကြိုဆိုနေမယ်.…။

No comments:

Post a Comment