သိပ်ချစ်ရသူမို့…..
ရင်တွင်းကလာ ကိုယ့်မေတ္တာတွေ
မင်းလေးမသိစေချင်ဘူး…..။
သိပ်ချစ်၇သူမို့…..
ကြေကွဲခံစား ကိုယ့်မျက်ရည်စတွေ
မင်းလေး မမြင်စေချင်ဘူး….။
သိပ်ချစ်ရသူမို့…..
ညဉ့်နက်သန်းခေါင် မည်းနာမည်
ကိုယ်ယောင်ယမ်းခေါ်မိသံတွေ
မင်းလေး မကြားစေချင်ဘူး…..။
သိပ်ချစ်ရသူမို့
ခက်ခဲကြမ်းတမ်းလှတဲ့ ကိုယ့်ဘ၀ခ၇ီးကြမ်းထဲ
မင်းလေးကို အတင်းဆွဲခေါ်မသွားချင်ဘူး…..။
သိပ်ချစ်ရသူမို့…..
ကိုယ်သေဆုံးသွားလည်း
ကိုယ့်ခန္ဓာအတွက်မင်းလေး
ဝမ်းနည်းမျက်ရည် မကျဆင်းစေချင်ဘူး…..။
သြော် …………………………………..
ကောင်မလေးရယ်မင်းဟာ ငါ့အတွက်တော့
သိပ်ချစ်ရသူမို့ ပါ….။
(လမင်းသိုက်)
6 Dec 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment