ငါ့အချစ်တွေနဲ့ မင်းဘ၀ကို
လှပအောင် ဖန်ဆင်းပေးမယ်
မင်းပျော်ရွှင်စေချင်လို့ပါ.........
ငါဝမ်းနည်းတဲ့အခါ
မင်းမမြင်အောင်ပုန်းရှောင်နေမယ်
ငါ့မျက်၇ည်တွေမင်းမမြင်စေချင်လို့ပါ.......
မင်း၇က်စက်တဲ့အခါ
ငါခွင့်လွှတ်ပြီး ချစ်နေမှာပါ
မင်းအတွက်ဝဋ်ကြွေးမတင်စေချင်လို့ပါ....
ငါ့ကိုထားပြီးမင်းထွက်သွားလဲ
ငါ၇ပ်ကြည့်နေမှာပါ
မင်းစိတ်သဘောအတိုင်းပေါ့
ငါမတားချင်လို့ပါ...........
ငါအစွမ်းရှိသမျှ
မင်းအတွက်ဖန်ဆင်းပေးမယ်
မင်းဘ၀လေးလင်းလက်စေချင်လို့ပါ.......
ဒါပေမယ့် နောက်ဆုံးတော့
ငါ့အတွက် ဒဏ်၇ာတွေပြန်၇လဲ
ကျေနပ်နေမှာပါ
ငါ့ဝဋ်ကြွေးတွေအပြီးသတ်ချင်လို့ပါ.........။
White (ကြယ်စုလေးများ)
6 Dec 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment