စွဲလမ်းမိရင် .....
ဘာကိုမှလည်း မတမ်းတ
သူမှသူပဲ မှန်းဆ
ကျောခိုင်းထားတဲ့ လမ်းက
လွမ်းရတဲ့ ဝေဒနာ
မဖြေသာလည်း ရှိပါစေ
ငြိတာတွေ၊ထိတာတွေ နင်မသိလည်း
ရင်ထဲမှာ " နင် " ရှိနေပြီးသားမို့
ညည်းတွားလို့လည်း မအော်ဟစ်ပါ
အပျော်ချစ်ကာ လိမ်လည်ကစားလို့
အဖော်သစ်လာချိန် နင်တကယ်ထားသွားလည်း
တားထားတဲ့ စည်းတွေချိုးဖျက်
နိုးတ၀က်နဲ့ အိပ်မက်ထဲ
ယောင်လို့လည်း အပစ်မဖွဲ့ပါ
ချစ်ခဲ့တာ ပုံပြင်အဆန်းကို
နှစ်၊ရက်ကြာ မယုံချင်စတမ်းပေမယ့်
ငါလေ ..............
ကြုံရင်တော့ဖြင့် လွမ်းပါရစေ ........။ ။
လင်းခိုင် (LC)
6 Dec 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment