♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

19 Dec 2009

နှုတ်ဆက်ချိန်

ဝေးဖို့ ...
သခင် သွားစေညွှန်းလို့
နှုတ်ဆက်ကြပါစို့ကွယ်။

စေ့ထားတဲ့
နှုတ်ခမ်းအစုံမှာ..
မပြောဖြစ်တဲ့
စကားတွေ ရှိနေပါလိမ့်မယ်..။

အေးစက်ဆဲ
နှလုံးသားနှင့်
သိမ်းထားစေတော့..
ဆောင်းညနဲ့အတူ
အေးခဲနေမပေါ့..။

မဆုံဖြစ်တဲ့
မျက်ဝန်းအစုံမှာ
သိမ်းထားတဲ့
အကြင်နာရိပ်တွေ ရှိနေပါလိမ့်မယ်..။

တန်ဖိုးမဲ့ အမှိုက်လို
လမ်းမထက်
ပြိုပျက်ကျစေတော့
လေပြင်းက
ရှင်းလင်းသွားပေမပေါ့။

အစကတည်းက
ဆုံးပြီးသား ဇာတ်ညွန်းမို့
ဘာဆိုဘာမှ ပိုင်ဆိုင်ဖို့ မရှိခဲ့သူလေ..

တကယ်ဆို..

သတိရခြင်းတွေလောက်တော့
ပိုင်ဆိုင်ခွင့်ရချင်သေးတယ်..။

(သူငယ်ချင်းတစ်ယောက်မှ ပေးပို့ သော ကဗျာပါ ကြိုက်လို့  ပြန်တင်ထားပါတယ်)

No comments:

Post a Comment