ဒီဇင်ဘာရဲ့နှင်းတွေပုံပြင်ဆန်လိုက်ပုံက
သစ်ပင်တွေရဲ့စိမ်းလန်းမှုကိုနှင်းငွေ့နဲ့
ကိုယ်ရောင်ဖျောက်ထားတယ်....
မင်းလျှောက်တဲ့ခြေလှမ်းတိုင်းကိုလဲ
နှင်းငွေ့တွေကဦးညွတ်ကြိုဆိုလို့...
အချမ်းဒဏ်ကိုငါကြောက်ပေမဲ့
ဆောင်းကိုတော့ငါချစ်တယ်...
အဲဒီနေ့က နှင်းမှုန်တွေကြဲထားလို့
လောကကိုတောင်ခပ်ဝါးဝါးပဲမြင်ခွင့်ရတယ်...
နင့်ခြေသံတွေကိုလက်ခံပေးဖို့လဲ
ငါ့နှလုံးသားကမငြင်းဆိုခဲ့ဘူး...
အဲဒီတုန်းကလူခြေတိတ်တဲ့ကျောင်းဝန်းထဲမှာ
နင်ရယ်ငါရယ်လူတစ်ချို့ရယ်...
တစိမ်းဆန်ခြင်းတွေရယ်အတူရှိခဲ့ကြတယ်နော်...
ခုနင်ဘယ်မှာလဲကောင်မလေးရေ...
ငါမရှိတဲ့ဒေသမှာ ငါမသိတဲ့သူစိမ်းတွေနဲ့
အရင်လိုပဲတစိမ်းဆန်ဆန်နေတတ်ပါစေ...။ ။
ဒီလူ(တောင်တွင်းကြီး)
6 Dec 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment