♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

16 Nov 2009

အချစ် နဲ့ ပင်လယ်

ငါတစ်ယောက်ထဲ အထီးကျန်လွန်းလို့ပါ
ဘ၀ဆိုတဲ့ပင်လယ်ထဲမှာ ကူးခတ်ရင်း
ငါ့ကို တွဲခေါ်တဲ့သူတွေလည်းရှိကြတယ်…
ငါက တွဲခေါ်ရတဲ့သူတွေလည်းရှိကြတယ်…
အချိန်တန်တော့လည်း…လက်တွဲဖြုတ်ရတာပါပဲ….

လောကဓံဆိုတဲ့ လှိုင်းတွေကိုအန်တုရင်း
ငါ့ကို နှစ်မြုပ်ဖို့ကြိုးစားတဲ့သူတွေရှိတယ်
ငါက နှစ်မြုပ်ခဲ့တဲ့သူတွေရှိတယ်….
ဒါပေမယ့်….ငါ ကူးခတ်ဆဲပါပဲ…..

မမြင်နိုင်တဲ့ကမ်းဆီကိုဦးတည်ရင်း
ငါ့ကို ဖြတ်ကျော်တက်သွားတဲ့သူတွေရှိတယ်…
ငါ့မျက်စိရှေ့မှာတင်…ကျဆုံးနစ်မြုပ်သွားတဲ့သူတွေရှိတယ်…
ငါကတော့…ဇွဲမလျော့သေးဘူးနော်….

ဒါပေမယ့်ငါ….ပင်ပန်းလှပြီ
ပတ်ဝန်းကျင်ဆိုတဲ့ ဆားငန်ရေတွေကြောင့်….
ငါ့အသိဥာဏ် မျက်လုံးတွေေ၀၀ါးလာရပြီ…
ဆုံးဖြတ်ချက်ဆိုတဲ့ မြင်ကွင်းတွေလဲ…အမှားမှားအယွင်းယွင်းနဲ့….

မင်းတစ်ယောက်ကိုတော့ ငါ မြင်နိုင်သေးတယ်….
သန့်စင်တဲ့အချစ်တွေနဲ့တည်ဆောက်ထားတဲ့…
မင်းရဲ့အချစ်လှေကိုတော့…ငါ မြင်ရသေးတယ်…
ဟိုးအဝေးဆီက လာနေတဲ့…မျှော်လင့်ချက်တွေတင်ထားတယ်…

ငါတစ်ယောက်ထဲအထီးကျန်နေလို့ပါ…
မင်းရဲ့အချစ်လှေပေါ်မှာ…လိုက်ခွင့်ပြုပါ…
မမြင်ရတဲ့တစ်ဖက်ကမ်းကို….တူတူသွားရအောင်…
ငါ့မျက်လုံးတွေေ၀၀ါးနေပေမယ့်
ငါသေချာမြင်နိုင်တဲ့…..မင်းရဲ့အချစ်လှေပေါ်မှာ….ငါလိုက်ခွင့်ပြုပါ… ။

သားကြီး (Shagan)

No comments:

Post a Comment