ခုတော့..........
တစ်ကယ်ကိုဝေးခဲ့ကြပြီလား.......ဆောင်း
မဟောင်းသေးတဲ့အိပ်မက်တွေနဲ့
အတိတ်ရဲ့ဝေဒနာကို
ငါ........ဘယ်လိုမေ့ရမလဲ ။
ဆောင်းနဲ့ဝေးသွားခဲ့တဲ့နေ့ကစလို့
အယူခံမရတဲ့ ငါပါ
ဒဏ်ရာအနာတရတွေနဲ့ဆက်လျှောက်
ဆောက်တည်ရာမရတဲ့စိတ်အစဉ်က
ဟိုအရင်တစ်ခါလိုပြန်ဆုံခွင့်မျှော်
ပေါ်လာလိမ့်နိုးနိုးနဲ့ ။
ဪ.........ဆောင်းရယ်
ပျော်စရာကောင်းတဲ့နေ့ရက်တွေပေးခဲ့ပြီးမှ
အဝေးဆုးံခရီးကိုထွက်သွားရက်တယ်နော်
ဒီရင်ဘက်ကြီးထဲမှာတော့
ဘာကိုမှအစားထိုးလို့မရနိုင်ဘူး
ပျော်မြူးခဲ့တဲ့နေ့တစ်ချို့နဲ့
ဆို့နင့်ကြေကွဲစွာရှေ့ဆက်ရဦးမယ်
ဘယ်အတွက်ကြောင့်မုန်းခဲ့တာလဲ.......ဆောင်းရယ် ။
နေဝင်းထွန်း{ငါးမည်ရ}
ခေတ္တ........မလေး
24 Nov 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment