ကံကြမ္မာရေစီးကြောင်းထဲ
အဖော်ကွဲကာ အထီးကျန်
အကျည်းတန်စွာမျှော်လွင့်
ရင်ထဲမှာလည်း နင့်နေတယ်
ကမ်းဝေးခြင်းရဲ့ သောက
မလှပတဲ့ ဖြစ်ရပ်
မေတ္တာငတ်နှလုံးသား
အပြုံးများလည်း မဲ့ခဲ့ပြီ
ရင်ထဲကလိုအင်
ကမ်းကပ်ချင်တဲ့ ဆန္ဒ
တွယ်တာသမျှ ချစ်ရနံ့
လှပသင်းပျံ့ သစ္စာတရား
လောကဓံ ရေလှိုင်းကြားမှာ
ပျောက်ကွယ် ဆုံးရှူံးသွားခဲ့ပေါ့
ူ NAYWYNNHTUNN
20 Nov 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment