♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

23 Nov 2009

ခွဲခွာခြင်း.......။

ညတွေထဲ….လွမ်းလိုက်တာ
အိပ်မရတဲ့ ညတွေထဲမှာ
မင်းကို လွမ်းရင်းက
ရင်ခုန်ဖို့ ထိတ်လန့် နေသူပါ…..။
မျက်လုံးတွေ မှိတ်မရတဲ့အခါ
အမြဲတမ်းလွမ်းစိတ်နဲ့ လောင်ကျွမ်းခဲ့သူပါ…..။
ညစဉ် ညတိုင်း
အိပ်မရတဲ့နေ့ တွေကို
အိပ်ဆေးတွေနဲ့ သောက်အိပ်ရပြီး….
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့
ချစ်ခြင်းတွေကို
အခုတော့…….အလွမ်းတွေနဲ့ 
အရူးတစ်ယောက်လို
ဟစ်အော်ပြေးသွားခဲ့သူပါ………။
တကယ်ဆို…
ချစ်ကံခေသူ တို့ နိဂုံးဟာ
အခုလိုပဲ……
ခွဲခွာခြင်းလားကွယ်……..။

SSA (မ)

No comments:

Post a Comment