ဆောင်း....
ကြေကွဲဖွယ်ကောင်းတဲ့
တို့ရဲ့အတိတဟောင်း်ဟာ
ပြောင်းလဲတတ်တဲ့နိယာမတွေကြား
ခုထိရှင်သန်ကြီးထွားနေလိုက်တာ
အသားစားဘီလူးလိုပဲ ။
ရွှင်မြူးသာယာစွာနဲ့
ကတိသစ္စာတွေတိုင်တည်ကာထားခဲ့ကြတုန်းက
အမုန်းဆိုတာ....ဘာလဲ
မင်းနှုတ်ခမ်းရဲရဲပေါ်ကထွက်ခဲ့တဲ့စကား
ခုထိကြားယောင် ။
ဆောင်းရဲ့အချစ်
ဆောင်းရဲ့အနမ်းပွင့်တွေ
အမှတ်တရဖြစ်စေခဲ့ရော့သလား ။
ရင်ခွင်ကြားမှာခေါင်းလေးဝှက်ပြီး
တူနှစ်ကိုယ်ညည်းခဲ့တဲ့သီချင်းသံကြားရင်
ဘဝကိုသမင်လည်ပြန် ပြန်ကြည့်
ဆောင်း မရှိပေမဲ့
သတိယနေမိတဲ့ငါ့ရင်
ဖြစ်ချင်တာတွေမဖြစ်လိုက်ရတဲ့ဘဝမှာ
ကံကြမ္မာကိုရိုးမယ်ဖွဲ့
မငဲ့ကွက်ဘူးလို့လဲမပြောလို
ဝဋ်ဆိုတာရှောင်ပုန်းလို့မရ
ဒီဘဝတော့..............
အပြစ်ရှိရင်လဲပြေပါစေ
ဝဋ်ရှိရင်လဲကျေပါစေ
ဆောင်းမရှိလည်းနေတတ်ပါပြီလေ.........။
နေဝင်းထွန်း{ငါးမည်ရ}
ခေတ္တ........မလေးရှား
22 Nov 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment