မြောက်ပြန်လေရူးလို့
ဆောင်းဦးရောက်ပြန်ပြီ.........ဆောင်း
မပြောင်းလဲတဲ့သဘာဝမို့
ဟေမာန်အလှ နှင်းတွေကြပြီ
ဒီလရာသီ ခါတော်မီနှင်း
ရင်တွင်းဒဏ်ရာ နှိုးဆွလာပေါ့ ။
နှင်းစက်လေးတွေက"အေးမြတယ်တဲ့"
နှင်းစက်လေးတွေက"လန်းဆန်းတယ်တဲ့"
နှင်းစက်လေးတွေက"ဖြူစင်တယ်တဲ့"
ဆောင်းရင်တွင်းကထွက်ကျလာတဲ့
ဟိုတစ်ခါကစကားတွေပါ.........ဆောင်း ။
နှင်းမှုန်မွှားမွှားလေးများကျရင်
ကောင်းကင်ကိုမော့ကြည့်မိတာ
သဘာဝကပေးတဲ့တာဝန်တွေကို
ကျေပွန်စွာထမ်းရွက်တဲ့
နှင်းစက်လေးတွေကိုငေးရင်း
"ဆောင်း"နဲ့ချစ်တင်းနှောခဲ့တဲ့
အတိတ်ရဲ့ခြေရာပြန်ကောက်
ခုတော့...........
ငါတစ်ယောက်တည်းရယ်ပါ ။
ပြီးခဲ့တာတွေပြီးခဲ့ပေမဲ့
နှင်းတွေဝေတဲ့ဒီဆောင်းက
ငါ့ဘဝကိုခြောက်လန့်ဆဲပါ........ဆောင်း
အဟောင်းတွေအသစ်ဖြစ်လို့
တို့ချစ်ချင်းရဲ့အမှတ်တရ
ဒီဆောင်းကာလမှာ
ငါ.......
သွက်သွက်ခါရူးရပေါ့ ။
ငါ့ဘဝမှာ
ဒဏ်ရာတွေကအဖေါ်
ဝေဒနာတွေကပျော်တ်ေဆက်
သောကနှင်းစက်တွေသောက်သုံး
အဖြူစင်ဆုံးနှင်းပွင့်တွေဟာ
ငါ့နှလုံးသားတွေအရည်ပျော်ကျခဲ့တာပါ......ဆောင်း
ဟိုး......တစ်ချိန်က
ချိုမြိန်ခဲ့တဲ့အနမ်းများ
ခု.....သန်မာထွားကြိုင်းလာတဲ့ အမုန်းများ
စားလို့မဆုံးနိုင်တဲ့ကိန်းဂဏာန်းများ
နှင်းစက်လား.....အသဲဖက်လား
မကွဲပြားတဲ့ငါ့ဘဝဟာ
မိုးဟေကိုရဲ့အလှတွေလည်း
ခံစားလို့မရတော့ပါဘူး
အရူးမီးဝိုင်းသလို
ထိုင်လို့သာ ငိုလိုက်ချင်တယ် ။
ဆောင်း...........
ဟိုး....မိုးကောင်းကင်ယံမှာ
ဆောင်းပြန်လာပြီ.............ဆောင်း ။
နေဝင်းထွန်း{ငါးမည်ရ}
ခေတ္တ{မလေး}
23 Nov 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment