လီလီပန်းတွေက ခါတိုင်းလိုပဲပွင့်တယ်…
နင်သိပ်ကြိုက်တယ်ဆိုတဲ့ လိမ္မော်ရနံ့တွေလဲ
တောင်ပေါ်မှာ နေရာတကာ သင်းရှလို့… …
အိမ်အပြန်လမ်းလေးလိုပဲ
ဘ၀က အချိုးအကွေ့ သိပ်များလွန်းတယ်
ခဏဆိုပြီး နင်ထွက်သွားလိုက်တာ
တစ်ရက်ပြီးတစ်ရက်…တစ်လပြီးတစ်လ
နောက်…တစ်နှစ်ပြီးတစ်နှစ်
ငါလေ…
နင့်ကို သတိရလိုက်တာ..။
ဝေလီဝေလင်း မြူတွေရစ်သိုင်းနေတဲ့
တောလမ်းလေးမှာ…
နင်ချစ်တဲ့ နှင်းပန်းတွေ စိုစွတ်လို့
ငါ့မျက်ဝန်းမှာရောပါပဲ… …။
နောက်တစ်ခါ မီးပုံပွဲလုပ်ရင်
နင် ငါ့ကိုသီချင်းဆိုပြမယ်ဆို… …
အေးစက်စက် သန်းခေါင်ယံညနက်ထဲ
ရေးထားတဲ့ သီချင်းတွေလဲ ပိုင်ရှင်မဲ့ခဲ့ရပြီပဲ… …။
တောင်ပေါ်ကို လှမ်းမျှော်ကြည့်မိတော့
နင့် ရယ်သံလေးတွေလေ…
မနေ့တနေ့ကလိုပဲ…လွင့်ပျံလာစမြဲ…
ငါ လွမ်းလိုက်တာ ချယ်ရီရယ်… …။
( ချယ်ရီ ဒါနင့်အတွက်ပါဟာ…နင့်ကို ငါလွမ်းတယ်..နင်ထွက်သွားတုန်းက ငါတားရကောင်းမှန်းမသိခဲ့ပေမဲ့...ခုတော့ ငါရင်ထဲမှာ အရမ်းတွေ့ချင်နေပြီ..ပြန်လာပါတော့ဟာ... လိမ္မော်တွေလဲ ချိုစေရပါမယ်)
Jasmine Phyu (အမှတ်တရအတွက်)
17 Nov 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment