♥♥♥ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူ ဖြစ်ရပါလို၏။♥♥♥

14 Nov 2009

နင်းသွားလိုက်ပါ ချစ်သူ...

မင်းဘ၀ လျှောက်လှမ်းနိုင်ဖို့ ...
ငါ... နှလုံးသားကို ခင်းပေးခဲ့တယ်...
အားရပါးရ..နင်းသွားလိုက်ပါ....
ငါ့နှလုံးသားမှာ နာကျင်စွာ
ဒဏ်ရာတွေ ကျန်ခဲ့ပေမယ့်...
ဒီရင်ခွင်မှာ... အပြစ်ဆိုတာ
မမြင်တတ်ခဲ့ဘူး...
နားလည်ပေးလို့ ရတယ်...
ဒါပေမယ့် ဘယ်တော့မှ
ခွင့်မလွတ်နိုင်ဘူး....
ရရှိခဲ့တဲ့ ဒဏ်ရာက
တစ်သက်သာမို့ လို့ 
ဘယ်တော့မှ မမေ့နိုင်ဘူး...
မင်းလိုရာလမ်း ရွေးခဲ့ပြီးမို့ ..
ပျော်ရွှင်ပါစေ.... ချစ်သူ...

No comments:

Post a Comment